နယ်သတင်းများ

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) သင်တန်း အမှတ်စဉ် (၃/၂၀၂၀) တောင်သူ(၃)ရက် သင်တန်းဖွင့်

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP) သင်တန်းအမှတ်စဉ်(၃/၂၀၂၀) တောင်သူ(၃)ရက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီ အချိန်က ထုံးဘို ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးတိုးမင်း တက်ရောက်၍ သင်တန်းအဖွင့် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့  သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသား(၃၂)ဦး၊ စုစုပေါင်း(၄၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ မှ (၂၇)ရက်နေ့အထိ (၃)ရက် ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၃၇)ကြိမ်၊ တောင်သူပေါင်း (၁၇၃၂)ဦး၊ ဝန်ထမ်းပေါင်း(၂၆၁၁)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၄၃၄၃)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၄၄၁)ကြိမ်၊ တောင်သူပေါင်း (၈၃၈၂)ဦး၊ ဝန်ထမ်းပေါင်း (၆၀၄၆)ဦး၊ စုစုပေါင်း(၁၄၄၂၈)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီးဖြစ်ကြောင်း သတင်းရရှိသည်။