မြေပဲရွက်ထွင်းပိုး
အင်္ဂလိပ်အမည် – Groundnut Leaf Miner
သိပ္ပံအမည် – Aproaerema modicella (Deventer, 1904)
မျိုးရင်း – Gelechiidae
မျိုးစဉ် – Lepidoptera
ဖျက်ဆီးပုံလက ္ခဏာများ
လောက်ကောင်ငယ်များကို ကနဦးတွင် ရွက်မွှာများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး အတွင်းသားတစ်ရှူးများကို စားပြီး အရွက်ပေါ်တွင် အညိုရောက် အကွက်များကို ဖြစ်စေသည်။
နောက်ပိုင်းအဆင့်များတွင် လောက်ကောင်များသည် ရွက်မွှာများကို အတူတစ်ကွ ပေါင်းဆက်လိုက်ပြီး ၎င်းတို့ကို စားသောက်ကာ အတွင်းပိုင်းတွင် ခေါက်လျက် နေထိုင်သည်။
ဆိုးဝါးစွာကျရောက်သော မြေပဲခင်းကို အဝေးကကြည့်လျှင် မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာများ
ဥ- အဖြူရောင်တောက်တောက်ရှိပြီး ရွက်မွှာများ၏ အောက်ဖက်တွင် တစ်လုံးချင်း အုသည်။
လောက်ကောင် – အနက်ရောင်ဦးခေါင်းနှင့် အတူ အစိမ်းရောင်ကိုယ်ခန္ဓာရှိသည်။
အရွယ်ရောက်ကောင် – အညိုရောင်သန်းသည့် မီးခိုးရောင်ဖလံဖြစ်ကာ ၆ မီလီမီတာ ရှည်လျား ပြီး တောင်ပံဖြန့်လျက် အကွာအဝေး ၁၀ မီလီမီတာ ရှည်သည်။ တောင်ပံအနားသား တစ်လျှောက် အဖြူစက်ရှိသော ရှေ့တောင်ပံ ပါရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
စီးပွားရေးထိခိုက်နိုင်သော အဆင့်သည် တစ်မီတာတန်းတစ်တန်းလျှင် လောက်ကောင် တစ်ကောင်တွေ့သောအခါ ဖြစ်သည်။
တစ်ဧကလျှင် အလင်းရောင်ထောင်ချောက် ၅ ခု ထောင်ထားပါ။
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံံးပြုပါ။
ဒိုင်မီသိုအိတ် (Dimethoate)
မာလာသီယွန် (Malathion)
ဒေါက်တာကိုကို