နယ်သတင်းများ

GAP Inspector သင်တန်းအမှတ်စဉ် (၅/၂၀၁၉) သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်းတွင် (၂၀.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် GAP Inspector အမှတ်စဉ်(၅/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဦးတင့်လွင်နှင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်းတို့မှ အမှာစကားပြောကြားကြသည်။

အဆိုပါအခမ်းအနားသို့ သင်တန်းဆရာ/ဆရာမများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား (၃၂)ဦး စုစုပေါင်း(၄၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ(၂၀.၅.၂၀၁၉)မှ (၂၄.၅.၂၀၁၉)ထိ (၅)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းအကြိမ်ရေ စုစုပေါင်း (၁၀၁)ကြိမ်၊ ဝန်ထမ်းပေါင်း(၁၇၀၄)ဦး၊ တောင်သူပေါင်း (၁၄၀၃)ဦး GAP Inspector သင်တန်းအကြိမ်ရေ စုစုပေါင်း (၁၃)ကြိမ်၊ ဝန်ထမ်းပေါင်း (၅၀၉)ဦး၊ စုစုပေါင်း သင်တန်းကြိမ်ရေ (၁၁၄)ကြိမ်၊ ဝန်ထမ်းပေါင်း (၂၂၁၃)ဦး၊ တောင်သူပေါင်း (၁၄၀၃)ဦး၊ စုစုပေါင်း (၃၆၁၆)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ရိတ်သိမ်းချိန်လွန်နည်း ပညာ (TOT)သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွား သင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၃၀၀)ကြိမ်၊ တောင်သူပေါင်း (၅၅၉၂)ဦး၊ ဝန်ထမ်းပေါင်း (၃၅၆၄)ဦး၊ စုစုပေါင်း(၉၁၅၆)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာ များ ဖြန့်ဝေပြီးဖြစ်ကြောင်း သတင်းရရှိသည်။