သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ ၏ (၂၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ။

မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ၏ (၂၉)ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ၌ ကျင်းပပြုလုပ်ရာ နည်းပညာကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် မြေသြဇာကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် နည်းပညာပိုင်းအရ အတည်ပြုချက် ရယူရန် လိုအပ်သည့် မြေသြဇာများနှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး ဥပဒေ နှင့် နည်းဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးကို နည်းပညာပိုင်းအရ သုံးသပ်ဆွေးနွေးခြင်း ကိုလည်းကောင်း၊ မှတ်ပုံတင်ခွင့်လျှောက်ထားလာသည့် မြေသြဇာများနှင့်ပတ်သက်၍ လည်းကောင်း တက်ရောက်လာကြသည့် မြေသြဇာဆိုင်ရာ နည်းပညာကော်မတီဝင်များ က ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်ကြသည်။

ယခင်က စံချိန် စံညွှန်းတူသည့် မြေသြဇာတစ်မျိုးကို Net Weight  တစ်ခုခြင်း အလိုက် မှတ်ပုံတင်လျှောက်ထားရပြီး၊ ယခုအခါ စံချိန်စံညွှန်းတူ မြေသြဇာတစ်မျိုးကို  မှတ်ပုံတင်တစ်ခုတည်း၌ Net Weight (၅)ခု အထိ လျှောက်ထား ခွင့်ပြုခဲ့ကြောင်း၊ ရေကြောင်းမှ တင်သွင်းလာသည့် Straight  Fertilizer များအပေါ် ကနဦး ဓာတ်ခွဲ စမ်းသပ်ခြင်းမပြုဘဲ၊ အချက်အလက်ပြည့်စုံစွာရေးသွင်းချက်ပုံစံ Document  ဖြင့် တင်သွင်း ခွင့်ပြုကာ ဆိပ်ကမ်းရောက်ရှိမှသာ ဓာတ်ခွဲ စစ်ဆေးပြီး အရည်အသွေးပြည့်မီပါက တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့်ပြုပေးလျက်ရှိကြောင်း နည်းပညာကော်မတီ အတွင်းရေးမှူး ဒေါ်သူဇာမြင့် ထံမှ သိရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကသွင်းအားစုတစ်ခုဖြစ်သည့် မြေသြဇာ လုပ်ငန်းများနှင့် ပတ်သက်၍ အရည်အသွေးပိုင်း ပြည့်ဝမှန်ကန်ရေး ကြပ်မတ်ထိန်းသိမ်း လျက်ရှိသော်လည်း လုပ်ငန်းများ ခက်ခဲကြန့်ကြာမှုမရှိစေရေးအတွက် ဖြေလျော့မှုများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ အစည်းအဝေး တွင် မြေသြဇာမှတ်ပုံတင် ခွင့်ပြုရန် လျှောက်လွှာ (၂၃၃)စောင်ကို စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။