မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေး ကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅)၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အစည်း အဝေး ခန်းမ ၌ ကျင်းပ ပြုလုပ်ရာ မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ဥက္ကဌ ဒေါက်တာရဲတင့်ထွန်း နှင့် နည်းပညာကော်မတီဝင်များ ၊ စွန့်ဉီးလူငယ်စိုက်ပျိုးရေးပညာရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြေသြဇာဆိုင်ရာ မှတ်ပုံတင်လျှောက်ထားလာသော လျှောက်လွှာ(၃၇၉)စောင်နှင့် ပတ်သက်၍ နည်းပညာ ပိုင်းဆိုင်ရာ အချက် အလက်များ အား ဆွေးနွေးကြပြီး စံချိန်စံညွှန်း ပြည့်မီသည့် မြေသြဇာများကို မြေသြဇာကော်မတီသို့ ဆက်လက်တင်ပြရန် ဆွေးနွေးဆုံးဖြတ်ကြကြောင်း သိရသည်။