နယ်သတင်းများ သတင်းကဏ္ဍ

မြန်မာပြည် အလယ်ပိုင်းဇုံအတွင်း သီးနှံအာဟာရဓာတ်များ စီမံခန့်ခွဲခြင်း စီမံကိန်းဆောင်ရွက်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဉီးစီးဌာန ၊ မြေအသုံးချ ရေးဌာနခွဲ နှင့် သြစတြေးလျနိုင်ငံ(ACIAR)တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် “မြန်မာပြည် အလယ်ပိုင်းဇုံအတွင်း ရေရှည်သီးနှံထုတ်လုပ်မှုနှင့် အကျိုးအမြတ် ပိုမိုတိုးတက် စေရန် အတွက် သီးနှံအာဟာရဓာတ်များ စီမံခန့်ခွဲခြင်း (Management of nutrients for improved profitability and sustainability of crop production in Central Myanmar) စီမံကိန်း” အရ စိုက်ပျိုးရေး တက္ကသိုလ် နှင့် စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချရေးဌာနခွဲ မှ နည်းပညာရှင်များက နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် “Fertilizer Management for Improved Profitability & Substainability of Rice and Maize Crop Production (TOT)” သင်တန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်း ဆွေးနွေးပို့ချခဲ့သည်။

အောက်တိုဘာလအတွင်း၌လည်း မြေအသုံးချရေးဌာနခွဲ(ရုံးချုပ်-နေပြည်တော်) နှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများရှိ မြေအသုံးချပညာရှင်များ နှင့် မြေအသုံးချရေး တာဝန်ခံများ ပူးပေါင်း၍ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်(၇)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြိို့နယ်(၇) မြို့နယ် တို့တွင် တစ်မြို့နယ်၌ တောင်သူ၊ ဝန်ထမ်း၊ မြေသြဇာဖြန့်ဖြူးရောင်းချသူများ (၆၀)ဦးစီ တို့အား ဆင့်ပွား နည်းပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ နည်းပညာပေးဆွေးနွေးပွဲများတွင် မြေဆီလွှာနှင့်သီးနှံအာဟာရဓါတ်ဆိုင်ရာ နည်းပညာများ၊ စီးပွားရေး တွက်ခြေကိုက်၍ အလေအလွင့်နည်းသည့် မြေသြဇာထည့်သွင်း နည်းများနှင့် ရာသီဉတု ပြောင်းလဲမှုကို လျော့ချနိုင်သည့် မြေသြဇာသုံးစွဲမှုနည်းစနစ်များ ထည့်သွင်းပို့ချခဲ့ပြီး ခေတ်မီ မြေဆီလွှာနှင့် သီးနှံ အာဟာရဓါတ်ဆိုင်ရာနည်းပညာများ ကို ပိုမိုနားလည်လာစေရန် နှင့် တိုးချဲ့ပညာပေးဝန်ထမ်းများ မှ တစ်ဆင့် တောင်သူများထံသို့ နည်းပညာများ ပြန့်ပွားစေရန် ၊ စီမံကိန်း၏ သုတေသန ရလဒ်များအရ လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများအားဖြန့်ဝေပေးရန်၊ တောင်သူများ ကိုယ်တိုင် နည်းပညာရပ်များကို လေ့လာသိရှိခွင့် ရရှိနိုင်ပြီး လက်ရှိကြုံတွေ့ရသော အခက်အခဲများအား ဆွေးနွေးဖြေရှင်းနိုင်ရန် ရည်ရွယ် ဆောင်ရွက် ခြင်း ဖြစ်‌ကြောင်း သိရှိရသည်။