စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ် အကြား ဇီးကန် ။မုံလှ။ပင်စိမ်းခင်း ကျေးရွာများ၌ စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ငမြောင််တောင်ပိုး ကျရောက်ကြောင်း၈-၆-၂၀၁၉ နေ့ညနေ ၅ နာရီ သတင်းရှိမှုအပေါ် အရေးပေါ်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ယနေ့နံနက်ပိုင်းက ကင်းထောက်မှတ်တမ်းအရ သီးနှံကာကွယ်ရေးပညာရှင်များက FAll ARMY WORM (FAW)အဖြစ် သတ်မှတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန က ကြေငြာချက်ထုတ်ပြန်ထားသည်။
လတ်တလောအခြေအနေတွင် တောင်သူနှင့် ဌာနပညာရှင်များ၏ပူးပေါင်းမှုဖြင့် နှိမ်နင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသဖြင့် လက်ဦးမှု ရရှိနေကြောင်း၊ ပျက်စီးဧက မရှိကြောင်း သိရှိရသည်။
ဖျက်ဆီးအားပြင်း ပိုးဖြစ်ပါသဖြင့် စိုက်ပျိုးရေးဌာမှာ နည်ပညာပေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး 10-6-2019 တွင် စုပေါင်းဆေးဖြန်းမည်ဖြစ်သည်။
Indozacart 11% .;Emaneptin 2% ပါဝင်သော ဆေး အမျိုးအစားကို တစ်ဧကလျှင် 200-300 CCနှုန်းဖြင့် ပက်ဖျန်းမည်ဖြစ်သည်။
ပြောင်းပင်များသည် သက်တမ်း အများဆုံး65ရက်သားသာရှိပြီး ပိုးမှာ စတင်ပေါက်ဖွားချိန် ဖြစ်၍ ကာကွယ်နှိမ်နင်းရန် လက်ဦးမှု ရယူနိုင်သည့်အခြေအနေဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးရုံးမှ သိရှိရသည်။