သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကြိုတင်အသိပေးခြင်းနှင့် ကြိုတင်လုပ်ဆောင်ခြင်းစနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့-FAO တို့ပူးပေါင်းပြီး Global Environment Facility-GEF အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ၏ ရေသတ္တဝါမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းရပ်များအပေါ် အားထားမှုပြုနေရသည့် အသက်မွေး၀မ်းကျောင်းမှုများ အနေဖြင့် (ရာသီဥတု၊ ထိခိုက်မှုဒဏ်) စသည်တို့အပေါ် ကြံ့ကြံ့ ခံနိုင်မှု ရှိနိုင်စွမ်းနှင့် လိုက်လျောညီထွေမှုရှိနိုင်စွမ်းတို့ အားကောင်းလာစေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် FishAdapt စီမံကိန်း နှင့် FAO အထောက်အပံ့ဖြင့် FAO နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်နေသည့် ကြိုတင်အသိပေး ခြင်း နှင့် ကြိုတင်လုပ်ဆောင်ခြင်းစနစ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အရ ကြိုတင်အသိပေးခြင်းနှင့် ကြိုတင်လုပ်ဆောင်ခြင်းစနစ်ဆိုင်ရာ နည်းပညာ အထောက်အကူပြု အကြံအဉာဏ်ရယူခြင်းနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ စီမံချက် ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ (Early Warning and Early Action System-EWEAs Technical Brainstorming and Implementation Planning Workshop) ကို အောက်တိုဘာလ ၂၁-ရက် နေ့ နံနက် ၉ နာရီအချိန် က နေပြည် တော် Mount Pleasant Hotel ဥတ္တရသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခင်မောင်မော် နှင့် ဌာနဆိုင်ရာများ၊ ဆက်စပ်ဌာနများ မှ တာ၀န်ရှိသူများ၊ Disaster Risk Reduction Taskforce အဖွဲ့၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


မိမိတို့ နိုင်ငံအပါအ၀င် ကမ္ဘာနှင့်အဝှန်း လုပ်ငန်း/ကဏ္ဍရပ်အားလုံး ရင်ဆိုင်ကြုံ တွေ့နေရ သည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာနှင့်ပတ်သက်ပြီး ပြန်လည်တုန့်ပြန်နိုင်ရေးနှင့် လိုက်လျောညီထွေရှိစေရေး တို့အပေါ် ကြံ့ကြံ့ ခံနိုင်စွမ်း တည်ဆောက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် စွမ်းဆောင်ရည် တိုးတက်လာစေရေး၊ ဗဟုသုတအသိအမြင် တိုးပွားလာစေရေးအတွက် စားနပ်ရိက္ခာ ထုတ်လုပ်ရေးအတွက် အဓိကအရေးပါသည့် လုပ်ငန်းနယ်ပယ်အပေါ် ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်/ဆုံးရှုံးနိုင်ခြေ လျော့ပါး သက်သာစေရေးနှင့် စီမံခန့်ခွဲမှု ပြုနိုင်ရေး ကြိုတင်အသိပေးခြင်း နှင့် ကြိုတင်လုပ်ဆောင်ခြင်း စနစ် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်းနှင့် ဒီကနေ့ ကျင်းပသည့်အလုပ်ရုံ ဆွေးနွေးပွဲမှာ အဓိက ဦးတည်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအနေနဲ့ ရာသီဥတုပြောင်းလဲမှု နှင့်အညီ လိုက်လျောညီထွေမှုဖြစ်စေရေးလုပ်ငန်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်း လုပ်ဆောင် သွားရမည့် ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျော့ချခြင်း/ စီမံခန့်ခွဲခြင်း နည်းလမ်းရပ်များ အတွက် ကြိုတင်အသိပေးခြင်း၊ ကြိုတင်လုပ်ဆောင်ခြင်းကောင်းမွန်မှုမှတစ်ဆင့် မိမိတို့ရဲ့ နေရာ ဒေသ/လုပ်ငန်း နယ်ပယ်အလိုက် ကျရောက်နိုင်မည့် ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်/ ဆုံးရှုံး နိုင်ခြေများ လျော့ပါး သက်သာစေရေး အစီအမံကောင်းများဖြစ်ထွန်း ပေါ်ပေါက် လာစေရေးအတွက် အဓိကထား ဆွေးနွေးသွားရမှာဖြစ်သလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ရသည့် ရည်ရွယ်ချက်အတိုင်း အထမြောက် အောင်မြင်မှုရှိစေရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဉီးခင်မောင်မော် က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲ တွင် ဌာနဆိုင်ရာများ ၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ က နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ နည်းပညာအထောက်အကူပြု အကြံ အဉာဏ် ရယူခြင်းနှင့် အကောင် အထည်ဖော်မှုဆိုင်ရာ စီမံချက်ရေးဆွဲခြင်းလုပ်ငန်းများ ကို အောက်တိုဘာလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။