ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ EURO Cham ၏ အမှုဆောင်ဒါရိုက်တာ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဥရောပသမဂ္ဂဆိုင်ရာ ကုန်သည် ကြီးများအသင်း EURO Cham ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Marc de la Founchardiere ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မေွးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အား ဂါရဝပြုတွေ့ဆုံ၍ လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့် အလမ်းများ၊ လယ်ယာ ကဏ္ဍဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ စားသုံးသူဘေး အန္တရာယ် ကင်းရှင်းရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများကျင့်သုံးရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိက အစိုးရနှင့် ကျွမ်းကျင်သူ များ ရှုထောင့်စုံမှ ဆွေးနွေးဖလှယ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။