ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. KristianSchmid ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ဇွန်လ ၄ ရက် မွန်းလွဲ ၂ နာရီ အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. KristianSchmid ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် EUမှ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍ၊ ကျေးလက်ဒေသ ကဏ္ဍ၊ အာဟာရကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် EU ဘက်မှှ ကူညီ ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းစဉ်များ၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးမြင့် ရေး၊ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအစာများ ဖြစ်စေရေး ဆောင်ရွက်နေမှုများ၊ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာ စီမံကိန်း၏ အာဟာရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် စီမံကိန်းအစီအစဉ်များ ရေးဆွဲခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ထိရောက်သော စီမံခန့်ခွဲမှု၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေး ၊ တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုတို့တွင် ထိရောက်သော ပူးပေါင်းမှုများ ဆောင်ရွက်ရန် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။