Related Articles
ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူစစ်ကိုင်းတိုင်းဒေသကြီးတောင်သူလယ်သမားများနှင့်တွေ့ဆုံ၊သီးနှံနှင့်သီးနှံပုံစံပြောင်းလဲရေးအကြံပြုဆွေးနွေး
ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုအပေါ် တုန့်ပြန်နိုင်စွမ်းရှိသည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရန်၊ နည်းပညာ ပြောင်းလဲ ကျင့်သုံးရန် လိုအပ်ချက်များအား လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး တို့က စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဒီဇင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့ ဘုန်းဘွဲ့ကျေးရွာ အထက်တန်းကျောင်းခွဲဝန်း အတွင်း၌ ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် လိုက်လျော ညီထွေ သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဒေသနေပြည်သူများ လုပ်ကိုင် နိုင်ရေး အားပေးကူညီ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့နယ် တိုင်းရင်း ကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊မျိုးပွားခြံသို့ ရောက်ရှိကြပြီး ခြံတွင် စစ်တကောင်း၊ အင်ပင်ဝ ၊ လည်ပြောင်၊ ပုပ္ပားတိုက်ကြက် နှင့် ကြက်နက် မွေးမြူ ထားရှိ မှုများကို လည်း ကောင်း ၊ မွေးမြူလုပ်ကိုင်လိုသူများ၏ ဒေသကြက်မျိုး လိုအပ်ချက် အကောင်အရေ ပြည့်မှီစွာ ထုတ်လုပ်နိုင်ရန်အတွက် ကြက်ငယ်ပေါက်နှုန်း ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။
လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ဒေသ ဖွံ့ဖြိုးမှုခြေခံကောင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ၊ နွားထိုးကြီးမြို့နယ် ၊ စိန်ပန်းကန်အုပ်စု၊ ဖက်ခူးကျေးရွာ တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း အထောက်အကူပြုကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများဆွေးနွေးပြောကြားသည်။