စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီ အချိန်က ကမ္ဘာ့ဘဏ် မှ The World Bank Environment and Natural Resources Program မှ Regional Manager ဖြစ်သူ Mr. Christophe Crepin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရေငန်ငါးလုပ်ငန်းစီမံခန့်ခွဲမှုအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ဒိန်းမတ်နိုင်ငံ၊ နိုင်ငံတကာအပင်နှင့်အကောင်များထိန်းသိမ်းရေးအဖွဲ့ FFI နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရေချိုငါး လုပ်ငန်း စီမံခန့်ခွဲမှု နှင့် ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေး တို့အတွက် FAO , GIZ ဒိန်းမတ်နိုင်ငံ နှင့် ရေနေသက်ရှိအရင်းအမြစ်များ စီမံ ခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာန World Fish တို့နှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ ငါးကဏ္ဍတွင် ကမ္ဘာ့ဘဏ် အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း မရှိသေးသော်လည်း ဖြစ်နိုင်သည့် နည်းလမ်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ စတင်မိတ်ဆက်ခဲ့သော မြန်မာနိုင်ငံ ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်လေ့လာချက် တွင် ငါးကဏ္ဍဆိုင်ရာတွေ့ရှိချက်များ၊ အရေးကြီး သော အကြံပြုချက်များ၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် များကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ရှင်းလင်းချပြနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာချက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေးဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။