ငါး-ပုစွန်ဆိုင်ရာ

ရေဝက်မျိုးစိတ် ထိန်းသိမ်းခြင်း နှင့် ကာကွယ်စောင့်ရှောက်ခြင်း

ရေဝက်မျိုးစိတ် ထိန်းသိမ်းခြင်း နှင့် ကာကွယ်စောင့်ရှောက်ခြင်း

ရည်ရွယ်ချက်        မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ပျံ့နှံ့နေထိုင်လျှက်ရှိသော ရေဝက်မျိုးစိတ် မျိုးသုဉ်းမည့် အခြေအနေကို ကာကွယ်တားဆီးရန်နှင့် ရေရှည် တိုးပွား ရှင်သန်ပြီး ဆက်လက် တည်တံ့နေစေရန် ဖြစ်ပါသည်။

ပျံ့နှံ့နေထိုင်ရာဒေသ      အင်ဒိုပစိဖိတ်ဒေသ၊ အပူပိုင်းဒေသနှင့် သမအပူပိုင်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ရေတိမ်ပိုင်းတွင် နေထိုင်ကျက်စားကြပါသည်။ သမအပူပိုင်းကမ်းရိုးတန်းဒေသ တစ်လျှောက်၊ အာဖရိကတိုက်တောင်ပိုင်း၊ ပင်လယ်နီ‌ဒေသ၊ ပါရှန်းပင်လယ်အော်အတွင်း၊ သီရိလင်္ကာနိုင်ငံနှနှင့် အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အင်ဒိုနီးရှားင်ငံ၊ ပစိဖိတ်ပင်လယ်အတွင်းမှ ကျွန်းများ၊ ဂျပန်နိုင်ငံ ကျရှူးကျွန်း၊ သြစတေးလျတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသများတွင် နေထိုင်ကျက်စားကြပါသည်။

ရေဝက်မျိုးစိတ်၏ အလေ့အထ      ရေဝက်၏ သိပ္ပံအမည်မှာ (Dugong dugon) ဖြစ်ပါသည်။

=> ရေဝက်များသည် သက်တမ်းရှည်ကြာနေထိုင်သော မျိုးစိတ်များဖြစ်ကြသည်။

=> ကမ္ဘာပေါ်တွင် ရေဝက်မျိုးစိတ်များအား ၁၇၆၈ ခုနှစ်တွင် စတင်ဖော်ထုတ်တွေ့ရှိခဲ့သည်။

=> ရေဝက်များသည် ပင်လယ်မြက်များကို စားသုံးပါသည်။

=> သားငယ်များကို တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးဖွားတတ်ကြပါသည်။

=> မွေးကင်းစ ရေဝက်သားငယ်သည် အလေးချိန် (၂၀)ကီလိုဂရမ်ခန့် ရှိပါသည်။

=> အရွယ်ရောက် ရေဝက်သည် ၂.၂ မီတာမှ ၃.၅ မီတာ ရှည်လျားပါသည်။

=>  အကြီးဆုံးတွေ့ရှိရသော အရွယ်အစားမှာ ၃.၃ မီတာနှင့် အလေးချိန် ၄၀၀ ကီလိုဂရမ် ဖြစ်ပြီး အလျား ၄၀၆ မီတာနှင့် အလေးချိန် ၁၀၁၆ ကီလိုဂရမ် အထိ ရှိပါသည်။

ရေဝက်မျိုးစိတ်ဝင် အားလုံးလိုလိုမှာ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် CITES (Appendix I)တွင် ပါဝင်ပြီး အန္တာရာယ်ကျရောက်နေသော မျိုးစိတ်များစာရင်းတွင် ပါဝင်ပါ သည်။ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဘေးအန္တရာယ် ပြုချင်း တို့ မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်ထားသော မျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။

ရေဝက်မျိုးစိတ်များ မျိုးသုဉ်းရသည့် အ‌ကြောင်းအရင်းများ   –    ရေဝက်များကို ကမ်းခြေတွင် ပိုက်ဝမ်းပူများ(ကမ်းဆွဲပိုက်များ)၊ လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များဖြင့်သာ တစ်ခါတစ်ရံ ဖမ်းဆီးရမိကြောင်း သိရှိရပါ သည်။

=> ပင်လယ်မြက်ခင်းပြင်များအတွင်းရှိ ထောင်ထားသော လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန် ပိုက်နှင့် မျှောပိုက်များနှင့်သာ အများဆုံး ငြိတွယ်မိပြီး သေဆုံးတတ်ကြပါသည်။

=> ပင်လယ်ပြင်အတွင်းသို့ အမှိုက်များစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာ ပြီး ၄င်းတို့ ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီးခြင်း။

=> ပင်လယ်မြက်ခင်းများအပေါ် နုန်းနှင့် အနည်အနှစ်များ ဖုံးလွှမ်းခြင်းကြောင့် ပင်လယ် မြက်ခင်းများ ပျက်စီးသွားခြင်း။

အကျိုးကျေးဇူး       သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။