Related Articles
၂၀၂၀ပြည့်နှစ် ဇွန်လ ၁၉ ရက်နေ့အထိ ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေအားတင်ပြခြင်း။
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့၊ ရေဘုတ်ရေလှောင်တမံ တွင် မိုးရေချိန် ၂.၆၄လက်မ ဝင်ရေ ၄၈၀ ဧကပေ ၊ ချင်းပြည်နယ် ဖလမ်းမြို့ ရှိ လိုင်ဗားရေလှောင်တမံ မိုးရေချိန် ၀.၁၅ လက်မ ဝင်ရေ ၅၂ ဧကပေ ရှိပြီး ရေပိုလွှဲမှ ၀.၃ ပေ ရေကျော်ကျလျက်ရှိနေပါသည်။
ပွင့်ဖြူမြို့နယ်၌ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်း သင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်ရွယ်ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ အသက်မွေး ဝမ်းကြောင်း သင်တန်းဆင်းပွဲကို ဇွန်လ၂၆ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် ရှေ့တန်းစခန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက သင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို လက်တွေ့အသုံးချကာ မြို့နယ်အတွင်း မွေးမြူးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်နှင့် သင်ယူလေ့လာခဲ့ရသည့် မွေးမြူရေးဆိုင်ရာပညာရပ်များကို မိမိတို့ရပ်ရွာရှိ ပြည်သူများကို လက်ဆင့်ကမ်းမျှဝေ သင်ကြားပြသပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးလက်နေပြည်သူများ တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် Read More…