စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် JICA တို့ပူးပေါင်း၍ ဂျပန်နှစ်ရှည်ချေးငွေ(ODALoan)ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်(JICA ODA Loan)မြို့ရေပေးရေးစီမံကိန်းအဆင့်–၁ (MY- P1)၊အဆင့်–၂(MY–P17)စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့၊နံနက်(၉)နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ
ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်းအဆင့်-၁(MYP-1) မြို့ရေရရှိရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ မြို့နေပြည်သူလူထုသို့ စဉ်ဆက်မပြတ်ရေပေးဝေနိုင်ရေး၊ အိမ်သွယ်ရေတိုင်များ တိုးတက်လာစေရေး၊ရေခွန်ရေခများတိုးတက်ရရှိလာစေရေး၊ ရေခွန်ရေခရငွေမှ နှစ်စဉ်ဘတ် ဂျက် အရ/အသုံး လျာထားရေးဆွဲ၍ မိမိတို့၏သက်ဆိုင်ရာအစိုးရအဖွဲ့များထံသို့ တင်ပြအတည် ပြုချက်ရယူပြီး ချေးငွေပြန်လည်ပေးဆပ်ရန် ဆောင်ရွက်ထားရှိရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်စည်ပင်သာယာရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သောအကူအညီများကို JICA Myanmar Office တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားပြီး JICA Myanmar Office မှ တာဝန်ရှိ သူ တစ်ဦးကနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးလှခိုင်က တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်လုပ်ငန်းပြီး စီးမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြို့ရေပေးရေးစီမံကိန်းဆောင် ရွက်နေသည့် စည်ပင်သာယာရေးအဖွဲ့များမှ မြို့ရေပေးရေးစီမံကိန်းအဆင့်-၁ (MY–P1) ၏ တိုးတက်မှုအခြေအနေများ၊ဆောင်ရွက်ထားရှိမှုအခြေအနေများ၊တွေ့ကြုံရသောအခက်အခဲများအား တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်မှ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ JICA ODA Loan ဖြင့် ဆောင်ရွက်နေသော မြို့ရေပေးရေးစီမံကိန်းအဆင့်-၁ (MY-P1) ကို ၂၀၁၃-၂၀၁၄ မှ ၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ထိ ကုန်ကျငွေ ဂျပန်ယန်း(၂.၆၂၄)ဘီလီယံ ဖြင့် ကချင်၊ ကရင်၊ စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ ရခိုင်၊ ရှမ်းနှင့်ဧရာဝတီ တိုင်းဒေသကြီး / ပြည်နယ်(၁၀)ခုမှ မြို့ပေါင်း(၂၃)မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊စီမံကိန်း အဆင့်– ၂ (MY–P17) ကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ်ထိ ခန့်မှန်းကုန်ကျငွေဂျပန်ယန်း(၆.၀၀၄)ဘီလီယံ ဖြင့် ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုမှ မြို့ပေါင်း(၂၂)မြို့တို့တွင်စီမံကိန်းစတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။