သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကို ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ဒေါက်တာရဲတင့်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးလှမြင့်အောင် နှင့် ဦးသက်ဇင်မောင်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဝါသီးနှံ လျှော်သီးနှံ ပိုးစာသီးနှံ သုတေသန နှင့် မျိုးသန့်ခြံများ မှ အရာထမ်း အမှုထမ်းများတက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲ ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။