သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကြံသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်လှစ်



​စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၏ ကြံသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းပညာ ပေးသင်တန်းကို ဇူလိုင်လ ၁၀ ရက်နေ့က ကြံသီးနှံသုသေတနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား)၌ ကျင်းပ ပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးလှမြင့်အောင်၊ ဦးဇော်ထွန်းမြင့်နှင့် ဦးသက်ဇင်မောင် ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ခြံတာဝန်ခံများနှင့်သင်တန်းသား/သူများ တက်ရောက်ကြသည်။


​ သင်တန်းဖွင့်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ကြံသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်လှစ်
​ သင်တန်းတွင် မြန်မာနိုင်ငံကြံသကြားထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ကြံသီးနှံအထွက်ကောင်းစိုက်ပျိုးနည်းစနစ်များ၊အထွက်ကောင်းလမိုင်းပြုပြင်ခြင်း၊ကြံသီးနှံစမ်းသပ် ကွက်ဒီဇိုင်းရေးဆွဲခြင်းနှင့် ကိန်းဂဏာန်းကောက်ယူတွက်ချက်ပုံ၊ ကြံသီးနှံအထွက်နှုန်းခန့်မှန်း တိုင်းတာခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေသောစိုက်ပျိုးနည်းစနစ်၊ အစက်ချ ရေသွင်းနည်းစနစ်၊ ကြံသီးနှံမျိုးကွဲများ၏သွင်ပြင်လက္ခဏာများ၊ ​ရေနှင့်မြေသြဇာထိရောက်စွာ အသုံးပြုရေး၊ ရောဂါ ပိုးမွှားနှင့် ပေါင်းများကာကွယ်နှိမ်နင်းနည်း၊ ကြံရင့်မှည့်ချိန် စမ်းသပ်မှု နှင့်ကြံအရည်အသွေးတိုင်းတာခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်ကြံသီးနှံဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်နေပုံများကို သင်ကြားပို့ချသွားမည်ဖြစ်သည််။


​ အဆိုပါသင်တန်းသို့ ပြည်နယ်/တိုင်းဒေသကြီးများရှိ ကြံသီးနှံစိုက်ဧကများသော မြို့နယ်များမှ ဒု-ဦးစီးမှူး အဆင့်ရှိ စိုက်ပျိုးရေးပညာရှင်များ၊ သကြားစက်ရုံများရှိ ကြံစိုက်ပျိုးရေး တာဝန်ယူဆောင်ရွက်နေသောဝန်ထမ်းများ ၊ ကြံသီးနှံသုတေသနခြံ/မျိုးသန့်ခြံများမှ ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦး တက်ရောက်မည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။