သမဝါယမဦးစီးဌာန ရုံးချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးမှူးများ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၈)ရက် နေ့နံနက်ပိုင်းတွင် ကျင်းပရာ အစည်းအဝေးသို့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ ၊ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးမှူးများ တက်ရောက်ကြ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် COVID-19 ကာလအတွင်းနှင့် COVID-19 ကာလအလွန်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေသော သမဝါယမအသင်းများ၏ Contract Farming လုပ်ငန်းများ၊ မျိုးစေ့ ထုတ်လုပ်ငန်းများ နှင့် စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်းများ၊ သမဝါယမအရောင်းဆိုင်များကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။