Related Articles
စပါးမျိုးစေ့ သန့်စင်စက်လုပ်ငန်း နှင့် စပ်လျဉ်း၍ လျှောက်လွှာခေါ်ယူခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးအထွက်တိုးစခန်းတွင် တည်ဆောက်လျက်ရှိသည့် စပါးမျိုးစေ့သန့်စင်စက်နှင့်အခြောက်ခံစက် တည်ဆောက်တပ်ဆင် ခြင်းလုပ်ငန်းများ ပြီးစီးပါက Public Private Partnership (PPP) အစီအစဉ်အရ ပုဂ္ဂလိက အသင်း အဖွဲ့တစ်ခုမှ ဦးဆောင်ကြီးကြပ်၍ မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူများထံမှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ များကို အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ စနစ်တကျ ဖြန့်ဖြူး ရောင်းချခြင်းစသည့် လုပ်ငန်းစဉ်များကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်သွားစေရန် စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းအား စိတ်ပါဝင်စားသည့် ပုဂ္ဂလိကအသင်းအဖွဲ့များအနေဖြင့် လျှောက်လွှာပေးပို့ ယှဉ်ပြိုင်အရွေးခံနိုင်ပါကြောင်းနှင့် အောက်ဖော်ပြပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည် – အသင်းအဖွဲ့သည် – (က) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအခြေစိုက်ပြီး၊ ရွှေဘိုဧရိယာတွင် ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေသည့် အသင်းအဖွဲ့ Read More…
ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေဘေး ကာကွယ်ရေး တာများ ၏ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့ တွင် ရောက်ရှိနေသော ရေမှတ်များ
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က တည်ဆောက်ထိန်းသိမ်းထားသည့် ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေဘေးကာကွယ်ရေးတာများ ၏ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရောက်ရှိနေသော ရေမှတ်များကို ဖော်ပြအပ်ပါသည်။