Related Articles
မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသောနှံကောင်အခြေအနေများ
Posted on Author admin
မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသောနှံကောင် သိပ္ပံအမည် Aularches miliaris (Linnaeus, 1758) ဟုခေါ်တွင်သော အဝါစက်ပြောက်နှံကောင် (သို့) ကော်ဖီ နှံကောင်သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံများတွင် ကျရောက်လျက်ရှိသော ကန္တာရ ကျိုင်းကောင်အမျိုးအစားမဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းစစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် (မော်ရုံကျေးရွာ) နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် (ဝက်ရုပ်ကျေးရွာ) တို့တွင် ကျရောက်လျက် ရှိပါသည်။