နယ်သတင်းများ သတင်းကဏ္ဍ

ငဖဲမြို့နယ် ရှိ ကျေးရွာ (၁၂)ရွာ မှ ကော်ဖီစိုက် တောင်သူများအား ကော်ဖီမျိုးစေ့၊ ကော်ဖီပျိုးပင်၊ အရိပ်ပင်နှင့် ကော်ဖီသီးခွံချွတ်စက်ပေးအပ်

  မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်းရှိ ငဖဲမြို့နယ် အတွင်း ရှိ ကျေးရွာ (၁၂)ရွာ မှ ကော်ဖီစိုက် တောင်သူများအား ကော်ဖီမျိုးစေ့၊ ကော်ဖီပျိုးပင်၊  အရိပ်ပင်များနှင့် ကော်ဖီ သီးခွံချွတ်စက် ပေးအပ်ပွဲအခမ်းအနားကို ဇွန်(၂၄)ရက်နေ့တွင် နတ်ရေကန် ကော်ဖီခြံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး  ဦးခင်မောင်ဌေး၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး၊ ဦးတိုးမင်း၊ ခရိုင် ဦးစီးမှူး ဒေါ်နီလာမော်၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် တောင်သူ(၇၄)ဦး တို့ တက်ရောက်ကြ သည်။

ကော်ဖီမျိုးစေ့၊ ကော်ဖီပျိုးပင်၊ အရိပ်ပင်(မျောက်ငို)ပျိုးပင်များအား ကော်ဖီစိုက်ပျိုး မည့် လိုင်၊ နောင်၊ တင်ပြင်း၊ ခွန်ဇူ၊ ပဇီ ကျေးရွာများမှ တောင်သူများ သို့လည်းကောင်း၊ ကော်ဖီသီးခွံချွတ်စက်အား ဘုတ်ကြီး၊ ဘုံးဘော၊ ဆားပေါက်၊ ကျွဲတလင်း၊ ခွန်ဇူ၊ ပဇီ၊ လိုင်၊ စွန်တတ်၊ လင်းတဲ၊ ပဘဲ စသည့် တောင်ပေါ်(၁၀)ရွာရှိ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့သို့လည်းကောင်း၊ GAPလက်စွဲစာအုပ်နှင့် လက်ကမ်းစာစောင်များအား တက်ရောက်လာကြသော ကော်ဖီစိုက်တောင်သူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။