နှစ်ရှည်သီးနှံ လယ်ယာကဏ္ဍ

ကော်ဖီသီး ဆွတ်ခူး ကြိတ်ခွဲခြင်း

ကော်ဖီသီးဆွတ်ခူးခြင်း

ကော်ဖီသီးဆွတ်ခူးရာတွင်​ ကော်ဖီသီးကို တစ်ချိန်တည်းအစိမ်းနှင့်အမှည့်ရော၍မခူးရ။ လုံးဝ ရင့်မှည့်ပြီးအနီရောင်ရှိသည့်အသီးများကိုသာ အကြိမ်ကြိမ်ခူးရမည်။ အစိမ်းသီးများပါလာပါက ကော်ဖီအရည်အသွေးညံ့ဖျင်းနိုင်ပါသည်။ ကော်ဖီသီးရင့်မှည့်ကာလမှာ ပန်းပွင့်သည်မှ အသီးမှည့် ခူးဆွတ်သည်အထိ ၈လမှ၁၀လကြာမြင့်သည်။ အရိပ်ကောင်းပြီး ရာသီဥတုအေးမြပါက ရင့်မှည့် ချိန်ပိုကြာသည်။ ကော်ဖီအရည်အသွေးပိုကောင်းသည်။ ရာသီဥတုပူ၍ အရိပ်နည်းပါးသော ကော်ဖီခင်းများတွင် ရင့်မှည့်ချိန်ကာလတိုသည်။ ကော်ဖီအရည်အသွေးကျဆင်းနိုင်သည်။ ပင်လယ် ရေမျက်နှာပြင်အမြင့်အပေါ်မူတည်၍  ရင့်မှည့်ချိန်ကွာခြားနိုင်သည်။

ကော်ဖီသီးဆွတ်ခူးချိန်မှာနိုဝင်ဘာလမှမတ်လအထိဖြစ်သည်။လက်ကျန်အစိမ်းသီး၊အမှည့်သီးအားလုံးကိုမတ်လအလယ်တွင်အပြီးသတ်ခူးရပါမည်။နောက်ပန်းပွင့်ကာလအတွက်အပင်အနားပေးခြင်းနှင့်အပင်ပြုပြင်ရန်အချိန်ယူခြင်းအတွက်ဖြစ်သည်။

ကော်ဖီဆံကြိတ်ခွဲထုတ်လုပ်နည်း () မျိုးရှိပါသည်။

(၁) အစိုနည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း (wet processing)

(၂) အခြောက်နည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း (dry processing)

ကော်ဖီသီးများကြိတ်ခွဲရန် ပြင်ဆင်ခြင်း

  • ခူးယူလာပြီးသောကော်ဖီသီးမှည့်များအားစုပုံထားပြီးမလိုလားအပ်သောအရာများ( အစိမ်းသီးများ/ အမှည့်ခြောက်များ/ အရွက်စိမ်းများ၊   ကိုင်းခြောက်များ) ဖယ်ထုတ်ရန်။
  • ခူးယူလာသောကော်ဖီသီးများအားရေစိမ်ရန်။
  • ရေပေါ်သီးများဖယ်ထုတ်ရန်နေလှန်းရန်။
  • ရေအောက်မြုပ်နေသည့် ကော်ဖီသီးများအားကြိတ်ခွဲရန်။

ကော်ဖီသီးကြိတ်ခွဲခြင်း (အစိုနည်း)

  • ကော်ဖီသီးအရွယ်အစားရွေးချယ်ခြင်းကို sizing machineဖြင့်ပြုလုပ်ရန်။
  • ကော်ဖီသီးမှည့်များအားရေစိမ်၍ ရေပေါ်သီးများဖယ်ရှားရန်။
  • ကော်ဖီသီးမှည့်များကို (၁၂) နာရီမှ (၂၄)နာရီအတွင်းအခွံချွတ်ရန်။
  • အခွံချွတ်ပြီးကော်ဖီစေ့များအားရေကန်တွင်ထည့်ပြီးရေတွင်ပေါ်သော (floating beans) များဖယ်ရှားရန်။
  • ရာသီဥတုအပေါ်မူတည်၍၂၄၄၈နာရီထိအချဉ်ဖောက်ရန်။
  • ကော်ဖီဆံနှင့်အသီးခွံကြားရှိအကျိအချွဲလွှာများကိုသန့်ရှင်းသောရေဖြင့်အထပ်ထပ်စင်ကြယ်

အောင်ဆေးကြောရန်။

  • အချဉ်ဖောက်လွန်ပါကကော်ဖီအနံ့အသက်မကောင်းခြင်း၊ကော်ဖီစေ့များတွင်အညိုရောင်
  • အမဲရောင်များစွဲကပ်ပြီးအရည်အသွေးကျဆင်းနိုင်။
  • ရေစင်အောင်ဆေးပြီးသောကော်ဖီစေ့များကိုဇကာတွင်ရေစစ်ပြီးအသီးလှန်းတလင်း တွင်၄င်း၊
  • ၃ပေx၆ပေ x ၃ပေအရွယ်အသီးလှန်းစင်တွင်လည်းကောင်းနေပူလှန်းရပါမည်။
  • နေပူလှန်းရာတွင်၁လက်မထုအထူခန့်သာလှန်းသင့်။
  • မိုးရွာလျှင်အုပ်ပေးရန်မိုးကာစများအဆင်သင့်ထားရှိရန်။
  • တလင်းရှိကော်ဖီစေ့များကိုအပူရရှိမှုညီမျှစေရန်တစ်ရက်() ကြိမ်ထွန်ခြစ်ဖြင့်မွှေပေးရန်။
  • အစိုဓါတ်ပါဝင်မှု၁၀၁၂ % ရှိသည့်အချိန်တွင်သိမ်းသင့်။
  • ရာသီဥတုပေါ်မူတည်၍ခန့်မှန်း(၁၄၃၀) ရက်ခန့်လှန်းပြီးရုတ်သိမ်းသိုလှောင်ရန်။
  • သိုလှောင်ရာတွင်ဂုန်နီအိတ်(သို့)ပီနန်အိတ်ခွံအသစ်များဖြင့်ထည့်ပြီးလေဝင်လေထွက်ကောင်းသောဂိုဒေါင်တွင်သိုလှောင်ရန်။
  • ကြမ်းပြင်မှအမြင့်၁ပေခန့်၊၃ပေ×၆ပေအရွယ်ရှိသစ်သားစင်များဖြင့်၊ကော်ဖီစေ့အိတ်အထပ်() ထပ်ထက်မပိုသောသိုလှောင်ခြင်းဖြင့်သိုလှောင်ရပါမည်။
  • သိုလှောင်မှုညံ့ဖျင်းပါကကော်ဖီစေ့များအရောင်ပြောင်းပြီးရောင်းတန်းမဝင်သောကော်ဖီစေ့ များဖြစ်ပေါ်နိုင်။
  • အခြောက်လှန်းထားသောကော်ဖီသီးများကိုအပူချိန်ရရှိမှု မျှတစေရန် တစ်ရက်လျှင် () ကြိမ်ခန့်၊  သစ်သားထွန်ခြစ်ဖြင့် မွှေပေးရမည်။
  • နှင်းဖြင့်မစိုစွတ်အောင် ညအချိန်အဖုံးအကာများဖြင့် ဖုံးအုပ်ထားရပါမည်။
  • အစိုဓါတ် ၁၄% ရှိသည့်အချိန်၊ရာသီဥတုအပေါ်မူတည်၍ နေလှန်းရက် (၁၄) ရက်မှ (၃၀) ရက်အတွင်းရုတ်သိမ်းသိုလှောင်ခြင်းပြုလုပ်ရမည်။
  • ရုတ်သိမ်းသိုလှောင်ခြင်းကို (Parchment coffee) သိုလှောင်သကဲ့သို့ သိုလှောင်ရပါမည်။
  • လုံးဝရင့်မှည့်သောကော်ဖီသီးများဖြင့်စနစ်တကျထုတ်လုပ်သောအခြောက်ကြိတ်ခွဲနည်းသည်အရည်အသွေးကောင်းကော်ဖီကိုရရှိနိုင်ပါသည်။

ကော်ဖီသီးခူးဆွတ်ခြင်းရာသီ၏နောက်ဆုံးအချိန်ဖြစ်ပါကလက်ကျန်အသီးစိမ်း၊အသီးမှည့် အားလုံးကိုဆွတ်ခူးပြီးကွန်ကရစ်တလင်းတွင်လည်းကောင်း၊၃’x၆’x၃’ အသီးလှန်းစင်များတွင်လည်းကောင်းနေပူလှန်းအခြောက်ခံရမည်။လက်ကျန်အသီးစိမ်း၊အသီးမှည့်အားလုံးကိုရော၍ထုတ်လုပ်သောအခြောက်ကြိတ်ခွဲနည်းသည်ကော်ဖီအရည်အသွေးကိုညံ့ဖျင်းစေ၍စျေးကောင်းမရနိုင်ပါ။