နယ်သတင်းများ သတင်းကဏ္ဍ

ပဲခူးမြို့၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀-မိုင်)သင်တန်းကျောင်းတွင် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

          အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်မှု စနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မျှော်မှန်းချက်ထား အကောင်အထည်ဖော်ကြိုးပမ်းနေမှုကို အထောက်အကူ ဖြစ်စေရန် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ဆက်စပ်ဌာနများ၊ ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသအသီးသီးတွင် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ပဲခူးမြို့၊ အင်းတကော်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀-မိုင်) သင်တန်း ကျောင်း တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ် လုပ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး၊ ဒေါ်မြင့်မြင့်ခိုင် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားသည်။အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည် နယ်တို့မှ(၁)ဦးစီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ (၂)ဦးစီ၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီးတို့မှ (၃)ဦးစီ၊ မွန်ပြည်နယ်မှ(၆)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၇)ဦး ၊ ရန်ကုန်တိုင်း ဒေသကြီးမှ(၁၂)ဦး၊ စုစုပေါင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုမှ သင်တန်းသား/သင်တန်းသူ(၄၀)ဦး တက် ရောက် လေ့လာလျက်ရှိကြသည်။

စိုက်ပျိုးရေးအခြေခံသော မိသားစုတစ်ပိုင် တစ်နိုင်စိုက်ပျိုးရေးမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများပေါ်ထွန်းလာစေရန် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ် လုပ်နည်းများကို ဇွန်လ ၁၂ ရက်နေ့မှ ၁၈ ရက် နေ့အထိ ၇ ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကာ သင်တန်းပြီး ဆုံးပါက မိမိဒေသများ၌ လက်တွေ့ လေ့လာလုပ်ကိုင်နိုင်ရန် သင်တန်းသားတစ်ဦးလျှင် မှိုမျိုးထုပ်(၁၀)ထုပ်စီ လက်ဆောင်ပေးမှာဖြစ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများရှိပါကလည်း သင်တန်းကျောင်းသို့ သတင်းပို့အကူအညီရယူနိုင်ရေး စီစဉ် ထားရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံ ဌာနခွဲ က သိရှိရသည်။