နယ်သတင်းများ သတင်းကဏ္ဍ

ချောက်​မြို့နယ်​ တွင် မိုးသီးနှံ စံပြကွက်​၊ စမ်​းသပ်​ကွက်​ စိုက်​ပျိုးကြမည်​့ အကျိုး​ဆောင်​​ တောင်​သူများအား မျိုး​စေ့နှင်​့ သွင်​းအားစုးများ ​ထောက်​ပံ့​

မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ခြင်းဖြင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ရန်၊ ရာသီဥတု နှင့် ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိစေရန် တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန နှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်း၍ ဒေသအလိုက် မျိုးသန့်ပွားများခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ မ​ကွေးတိုင်​း​ဒေသကြီး ​ချောက်​မြို့နယ်​ တွင် မိုးသီးနှံ စံပြကွက်​၊ စမ်​းသပ်​ကွက်​ စိုက်​ပျိုးကြမည်​့ အကျိုး​ဆောင်​​ တောင်​သူများအား မျိုး​စေ့နှင်​့ သွင်​းအားစုးများ ​ထောက်​ပံ့​ ပေးအပ်​ပွဲကို ဇွန်လ ၂၈ ရက်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန အစည်​းအ​ဝေးခန်​းမ၌ကျင်​းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဘိုကြီး ၊ အမှတ်​-၁ တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်စန်​းစန်​းဝင်​း ၊ အမှတ်​-၂ တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုးဝင်​း နှင်​့ မြိုနယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​ဆွေဝင်​း ၊ မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးမှူး ​ဒေါ်​အေးမြင်​့မြတ်​သင်​း နှင့် ဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ မျိုး​စေ့​ထောက်​ပံ့ပေးအပ်ပွဲတွင်​ စီးပွားဖြစ်မျိုးစေ့ထုတ် စပါးမျိုးများဖြစ်သည့် ထိုင်​းနှံ​ကောက်​ မျိုးစပါး (၅၀)တင်​း ၊ မ​နောသုခ(၂)တင်​း ၊ မ​နောသုခ(၁)တင်​း ကိုလည်းကောင်း၊​ ဆင်​းပ​ဒေသာ-၁၁ မြေပဲမျိုး (၂၀၄)တင်​း ၊ မ​ကွေး-၁၆ မြေပဲမျိုး (၃၆)တင်​း၊ ရွှေ​တောင်​ ၈ ချည်မျှင်ရှည်ဝါ စေ့ ​(၁၂၀)ပိဿာ ၊ ရေဆင်​း-၁၄ ပဲတီစိမ်​း ​(၆)ပြည်​ကိုလည်းကောင်း စမ်​းသပ်​ကွက်​ စိုက်​ပျိုးကြမည်​့​ အကျိုး​ဆောင်​​တောင်​သူများအား ​ထောက်​ပံ့​ပေးအပ်​ပြီး စိန်​တလုံး ၂၅၀ ပင်​နှင်​့ မိုးကာစ (၃)ချပ်​ တို့အားထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်​။