ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေး အတွက် သုတေသန နှင့် ပညာပေးလုပ်ငန်းများကို ဌာနအားလုံး ပေါင်းစည်း ဆောင်ရွက်သွားမည်

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အပြည့်အဝကူးပြောင်းရေး ၊ လယ်ယာသုံး စက်ကိရိယာများ ရင်းနှီးမြုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် ဆိုင်ရာ စက်ကိရိယာ ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး ၊ တစ်ဧကထုတ်လုပ်မှု နှင့် လယ်ယာ လုပ်သားတစ်ဦးချင်း ၏ ထုတ်လုပ်မှု စွမ်းအားမြှင့်တင် ပေးနိုင်ရေး၊  လယ်ယာသုံး စက်ကိရိယာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ၊ စက်မောင်း စက်ပြင်လုပ်ငန်း အပိုပစ္စည်း ရောင်ဝယ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ပေးရေး အပါအဝင် စက်မှုလယ်ယာ လုပ်ငန်း ကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရေး စသည့် စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်း ရေး လုပ်ငန်းများ ကို သက်ဆိုင်ရာ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း ဆိုင်ရာများလမ်းညွှန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီလ ၉ ရက် နေ့မှ ၁၁ ရက်နေ့အထိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများအား ယင်းဌာနများတည်ရှိရာ အစည်းအဝေးခန်းမများတွင် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ဆွေးနွေး မှာကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးလက်ဒေသနေ ပြည်သူများ ဝင်ငွေတိုးတက်ရရှိရေး နှင့် လူနေမှု အဆင့်အတန်း မြင့်မားရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိ

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် လယ်ယာကဏ္ဍကြီး တွင် ပါဝင်သည့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများ နှင့် ကျေးလက်နေ ပြည်သူများ လယ်ယာ လုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး ၊ ဒေသနေ ပြည်သူများ ကိုယ်တိုင် မိမိရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်စွမ်း ရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်း နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အခြားအသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ မှ ဝင်ငွေ တိုးတက်ရရှိ ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော ကျေးရွာများ ဖွံ့ဖြိုးတိုးတက် မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ကျေးလက်နေလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

လက်ရှိဆောင်ရွက်ပြီးသော အသုံးချသုတေသန စာတမ်းများတွင် တောင်သူစိုက်ကွင်း၌ ဆောင်ရွက် သည့် တောင်သူများ ပူးပေါင်းပါဝင်လက်ခံကျင့်သုံးသော သုတေသနများ ပါဝင်နေသကဲ့သို့ တောင်သူအသုံးပြုသုတေသန အသွင်ကူးပြောင်းရန် အသင့်ဖြစ်နေသော အခြေခံသုတေသန တွေ့ရှိချက် များ တင်ပြထားခြင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါ တွေ့ရှိချက်များကို ဆက်လက် ဆောင်ရွက်ပြီး တောင်သူများ လိုက်နာ ဆောင်ရွက် နိုင်စေရေး စည်းရုံးပညာပေးခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ပွင့်ဖွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ စာတမ်းရှင်များ၊ စိုက်ပျိုးရေး စွန့်ဦးလူငယ်ပညာရှင်များ ၊ ဒေသအသီးသီး မှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က Virtual  Conferencing စနစ်ဖြင့် တက်‌ရောက်ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ။

သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်ရမှုကို လူ အများ သိရှိမြင်တွေ့နိုင်မည် မဟုတ်သော်လည်း အောင်မြင်သော သုတေသန၏ အကျိုး ရလဒ် ကိုမူ အများပြည်သူတို့ စားသုံးခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသန ရလဒ် ကောင်း တစ်ခု သည် အများအတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေး နိုင်မည် ဖြစ်သဖြင့် မိမိ၏ တတ်ကျွမ်းသည့် ပညာ၊ စေတနာ၊ အနစ်နာဖြင့် နိုင်ငံတော်၏ အကျိုးတို့ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍  သုတေသနလုပ်ငန်းများအား အရှိန်အဟုန်နှင့် တိုးတက်လာစေရန် နိုင်ငံတော်မှ ရန်ပုံငွေတိုးမြှင့် ရရှိ နိုင်ရေး သာမက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း တို့ကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ Read More…