ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေချို ရေငန် ငါးပုစွန် ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး Virtual Meeting ဖြင့်ကျင်းပ

ရေချို ရေငန် ငါးပုစွန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့်ကျင်းပ ပြုလုပ်ရာ အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော် အမြဲတမ်း အတွင်း၀န်၊ ဒုတိယအမြဲတမ်းအတွင်း၀န်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက VIRTUAL MEETING စနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 APTERR Tier-3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ က လှူဒါန်း သော ဆန်ရိက္ခာတန်ချိန် ၆၀၀ ကို Covid-19 ကပ်ရောဂါခံစားရသည့် ပြည်သူများအား ဖြန့်ဖြူးပေးမည် 

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 ခံစားရသည့် ပြည်သူများအား အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့ APTERR Tier-3 အစီအစဉ်အရ ကိုရီးယား သမ္မတနိုင်ငံ က လှူဒါန်းသော ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ APTERR အတွင်းမှူးချုပ် နှင့် အတွင်းမှူးချုပ်ရုံးတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူး ချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ (FAO) ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan နှင့် တွေ့ဆုံ

မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် FAO နှင့်  ပူးပေါင်းဆောင်ရွက်ရေး အစည်း အဝေးကို နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Xiaojie Fan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၁၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

အရည်အသွေးကောင်း မျိုးသစ်များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီးသကဲ့သို့ ထုတ်လုပ်ပြီးသော မျိုးသစ်များ၏ မျိုးစေ့စံချိန်စံညွှန်းများ ပြည့်မီရန် ၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျရှိစေရန်၊ မျိုးစေ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြီးကြပ်ဆောင်ရွက် နိုင်ရန်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ်တခုဖြစ်ပါကြောင်း၊ သီးနှံမျိုးကောင်းမျိုးသစ်များ တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် နိုင်ငံတော်ပိုင်းမှ ပညာရှင်များ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အဖွဲ့ အစည်းများနှင့် လက်တွေ့ စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူ လယ်သမားများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း နိုဝင်ဘာလ (၆) ရက် နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာ လုပ်ငန်း စီမံချက် ချမှတ် အကောင်အထည် ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမယ်စုံအာဟာရပြည့်ဝစေရန် ရည်ရွယ်ပြီး အမျိုးသားအဆင့် အာဟာရဆိုင်ရာ လုပ်ငန်း စီမံချက် ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အစားအစာ ဖူလုံရေးနဲ့ အာဟာရ ပြည့်ဝစေရေး၊ အစားအစာ ဘေးကင်းရှင်းစေရေးတို့အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ရှိသူအားလုံး တို့က စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ပြီး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြဖို့နဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း မှာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သုံးသပ် အကဲဖြတ်ပြီး အားနည်းချက်များကို သင်ခန်းစာအဖြစ်နဲ့ အားသာချက်များကို စွမ်းအားအဖြစ် အသုံးပြုပြီး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းပါကြောင်း အောက်တိုဘာလ (၂၈)ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့်  အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက် ချမှတ် အကောင်အထည်ဖော် Read More…