နိုင်ငံတော်အဆင့်သတင်း
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ “2020 Seed Fair” မျိုးစေ့ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
“2020 Seed Fair” မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက် နေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရှမ်းပြည်နယ် စိုက်ပျိုးရေး စုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဒီဇင်ဘာလ ၂၂ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီ အစည်းအဝေး ကျင်းပ
တောင်သူလယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ (၁၁)ကြိမ်မြောက် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
(၁၁)ကြိမ်မြောက်အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။
အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။