တောင်သူလယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။
နိုင်ငံတော်အဆင့်သတင်း
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ (၁၁)ကြိမ်မြောက် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
(၁၁)ကြိမ်မြောက်အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။
အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းအား လှည့်လည် ကြည့်ရှု
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့် တာဝန်ရှိသူ များနှင့်အတူ နိုဝင်ဘာ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီးပန်းတနော် မြို့နယ်ရှိ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းအား လှည့်လည်ကြည့်ရှုသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ အသစ် တည်ဆောက်ခြင်း လုပ်ငန်း စီမံကိန်းအား ကြည့်ရှု စစ်ဆေး
ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ် ၁၇၅ လုံး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့နံနက် ၉ နာရီခွဲတွင် ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ကျွန်းတောစုကျေးရွာသစ်၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။