ရေဆင်းစပ်မျိုးနေကြာ- ၁ သည် တစ်ဧကအထွက်နှုန်းနှင့် ဆီထွက်နှုန်း ကောင်းခြင်း၊ အသက်လျှင်ခြင်း၊ ယိုင်လဲမှု ဒဏ်ခံနိုင်ခြင်းနှင့် ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ခြင်းစသော အရည်အချင်း လက္ခဏာများ ကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ နေကြာစိုက်တောင်သူများ အများဆုံး စိုက်ပျိုးနေသည်ဖြစ်ရာ၊ ရေဆင်း စပ်မျိုးနေကြာ- ၁ မျိုးသန့် ရရှိရေးအတွက် မိဘမျိုးလိုင်းများ ထိန်းသိမ်းပွါးများခြင်းသည် သုတေသနပညာရှင်များအတွက် အရေးပါ သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။
သုတေသန
အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်
အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သီးနှံသုတေန၊ နည်းပညာသုတေသနနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဆင်းသုတေသန (ရုံးချုပ်) ရှိ သီးနှံအလိုက် သုတေသနစိုက်ကွင်းများတွင်သာမက လက်အောက်ခံ သီးနှံဗဟိုသုတေသနခြံနှင့် ဒေသသုတေသနခြံများ၌ပါ တောင်သူလယ်သမားအကျိုးပြု သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ယင်းကဲ့သို့ သုတေသန ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန (ACIAR) ၏ စီမံကိန်းအရ အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသနကို တတိယအကြိမ်အနေဖြင့် သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။
သီးနှံ (၁၄)မျိုး၏ (DUS)Test တွင် အသုံးပြုမည့် အကိုးအကားပြုမျိုးများ ဖော်ထုတ်ပြုစုခြင်း ဆိုင်ရာသင်တန်း ပိတ်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ Syngenta Foundation Project အစီအစဉ်ဖြင့်သီးနှံ (၁၄)မျိုး၏ Distinctness , Uniformity and Stability (DUS) Test တွင်အသုံးပြုမည့် အကိုးအကားပြုမျိုးများ ဖော်ထုတ်ပြုစုခြင်း ဆိုင်ရာသင်တန်းပိတ်ပွဲကို ဇွန်လ(၁၉)ရက်နေ့၊ ညနေ(၃)နာရီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဆု ရရှိသည့် မွန်ပြည်နယ်မှ ဒု-ဦးစီးမှူး ဒေါက်တာ အေးသီတာဝင်း
ဒုတိယဆုရစာတမ်း “Effect of Rain Guarding & Tapping Systems on Natual Rubber Production” (ဒေါက်တာအေးသီတာဝင်း) ဒု-ဦးစီးမှူး မွန်ပြည်နယ်
စိုက်ပျိုးရေးဦးစီးဌာန သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်းဖတ်ပွဲ တွင် ပထမဆု ရရှိသည့် စာတမ်း
“မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော မြေဆီလွှာ အာဟာရဓါတ် အဆင့်အတန်းများအား မြေဆီလွှာစစ်ဆေးချက်တန်ဖိုးများအရ အကဲဖြတ်ခြင်း” စာတမ်းဖြင့် ပထမဆု ရရှိသည့် မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာချိုမာထွေး
ပဲပုပ်သီးမျိုးသစ်များ၏ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် လိုက်လျောညီထွေမှု ပဏာမစမ်းသပ်ခြင်းသုတေသနမှတ်တမ်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ပဲမျိုးစုံသီးနှံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သုတေသနလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။