ပြောင်းလဲနေသည့်ရာသီဥတုနှင့်သဟဇတဖြစ်ပြီး ရေရှည်တည်တံ့သော စျေးကွက်ဝင် နှမ်းမျိုးသစ်များ အစဉ်မပြတ်ထုတ်လုပ်ပေးနိုင်ရန် အတွက် အားလုံးပါဝင်သော မျိုးသစ် ထုတ်လုပ် ရေး ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ အပင် ဇီဝ နည်းပညာဗဟိုဌာန က ဦးဆောင်၍ နှမ်းသီးနှံမျိုးသစ် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသန ဆွေးနွေးပွဲ ကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက Virtual Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆီထွက်သီနှံ ဗဟိုခြံ ခြံတာဝန်ခံ နှင့် ဖိတ်ကြားထားသော သုတေသန ပညာရှင် အငြိမ်းစား ဆရာကြီး ဆရာ မကြီး များ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
နယ်သတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး ၌ စိုက်ပျိုးရေးဝန်ထမ်းများအတွက် COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေး
COVID-19 ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများလိုက်နာဆောင်ရွက်ရန် အချက်များ နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး ခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန် စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ၊ အောင်သလ္လာခန်းမ ၌ လည်းကောင်းကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး နိုင်ငံတကာ ဆက်ဆံရေး နှင့် ပြည်သူ့ဆက်ဆံရေးဌာနစိတ်တာဝန်ခံ ဒေါက်တာတင်မာမာဦး က အသိပညာပေး ဆွေးနွေးပြောကြားသည်။
အပင်ဇီဝနည်းပညာဗဟိုဌာန စိုက်ကွင်း ၌ ဥကန်စွန်းမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
စိုက်ပျိုးထားရှိသော ဥကန်စွန်းမျိုးကွဲများ၏ အပင်လက္ခဏာ၊ အထွက်နှုန်းများ လေ့လာရန်၊ ဥကန်စွန်း မျိုးကွဲများအလိုက် ပါဝင်သော အဟာရဓါတ်များ လေ့လာပြီး အဟာရတန်ဖိုးမြင့် မျိုးများ ထုတ်လုပ်ရန်နှင့် အရည်အသွေးကောင်း ဥကန်စွန်းမျိုးများ စိုက်ပျိုးခြင်းဖြင့် တောင်သူ များ ဝင်ငွေတိုးစေရေး ရည်ရွယ်ချက်များဖြင့် ဥကန်စွန်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်း သရုပ်ပြပွဲ ကို နိုဝင်ဘာလ(၂၅) ရက်နေ့ က စိုက်ပျိုးရေးဦးစီးဌာန၊ အပင်ဇီဝနည်းပညာဗဟိုဌာန စိုက်ကွင်း ၌ ကျင်းပပြုလုပ်သည်။
ချောင်းဦးမြို့နယ် ၌ ရေကြီးနစ်မြုပ် စိုက်ခင်းများ ရာသီအချိန်အမီ ပြန်လည် စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
အောက်တိုဘာလ နောက်ဆုံးပတ် နှင့် နိုဝင်ဘာလဆန်းရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ချောင်းဦးမြို့နယ်အတွင်း မြစ်ချောင်းများ ရေကြီး ရေလျှံပြီး ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေများ ဝင်ရောက်သဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ရာ ပျက်စီးဆုံးရှုံးမှု သက်သာစေရေး၊ ရာသီအချိန်အမီ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကလေး၊ဟားခါး၊ဂန့်ဂေါနယ်စပ် ဝေးလံဒေသနေ တောင်သူများ အတွက် နည်းပညာဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
ကလေးမြို့နယ်၌ ယခုနှစ် မိုးစပါး(၁၂၇၆၈၆)ဧက၊ ပဲမျိုးစုံ(၃၆၄၃)ဧက၊ ဆီထွက်သီးနှံ (၂၂၄၀၂)ဧက အပါအဝင် သီးနှံစုံ စုစုပေါင်း(၁၉၇၃၀၃)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ တောင်တန်းတောင်ကြောထူထပ်သော ချင်းပြည်နယ်နယ်စပ် နှင့် ပုံတောင်ပုံညာဒေသများ ကို ထိစပ်နေသည့် အဆိုပါဒေသများရှိ ဝေးလံဒေသများတွင် နေထိုင်ကြသော တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလက်လှမ်းမီစေရန် အတွက် တောင်သူပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုက်ပျိုးရေးဦးစီးဌာနထုတ် ချည်မျှင်ရှည်ဝါမျိုးများဖြင့် မြို့သစ်မြို့နယ်တောင်သူများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိ
စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းလဲလာသည့်ရာသီဥတုဖြစ်စဉ်များနှင့်လိုက်လျောညီထွေ ဖြစ်ထွန်းနိုင်ပြီး ဈေးကွက်အကျိုးအမြတ် ရရှိစေရေးအတွက် ဒေသအလိုက်သင့်တော်သော သီးနှံ မျိုးကွဲများ ပွားများဖြန့်ဖြူး စိုက်ပျိုးစေလျက်ရှိရာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ယခုနှစ် အတွင်း မိုးဦး/မိုးနှောင်း ချည်မျှင်ရှည်ဝါ (ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈၊ ရွှေတောင် – ၁၀) မျိုးသစ်မျိုးသန့်များ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရသည်။