နယ်သတင်းများ သတင်းကဏ္ဍ

ရှမ်းပြည်နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အဖြစ် ဌာနဆိုင်ရာများက ကျေးရွာများအရောက် ရွေ့လျားဝန်ဆောင်မှု OSS Mobile Service Delivery ဆောင်ရွက်

ရှမ်းပြည်နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အဖြစ် ဌာနဆိုင်ရာများက ကျေးရွာများအရောက် ရွေ့လျားဝန်ဆောင်မှု OSS Mobile Service Delivery ဆောင်ရွက်ခြင်းကို ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ပန်ကန်းကျေးရွာ၌ မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ရာ

နယ်သတင်းများ သတင်းကဏ္ဍ

ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာ တွင် ရတနာတိုး မျိုးစပါး Rs to Cs မျိုးသန့်မျိုးပွားစိုက်ကွင်း စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်  ဥက္ကံကျေးရွာ တောင်သူ ဦးမြင့်သိန်း ၏ လယ်မြေဧက ၃၀ တွင် ရတနာတိုး မျိုးစပါး Rs to Cs မျိုးသန့်မျိုးပွားစိုက်ပျိုးထုတ်လုပ်ခဲ့ရာ အောင်မြင်စွာ ရင့်မှဲ့ပြီ ဖြစ်သည့်အတွက် စံကွက်ရိတ်သိမ်းခြင်းကို

နယ်သတင်းများ

မော်လိုက်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြင့် မိသားစုဝင်ငွေ ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်သတင်းများ

အောင်လံမြို့နယ်၊ အလယ်ရွာကျေးရွာ၌ ငမြှာင်တောင်ပိုး ကျရောက်မှုမရှိစေရေးနှင့် GAP စနစ်အကြောင်း အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး သရက်ခရိုင်‏ အောင်လံမြို့နယ်ရှိ အလယ်ရွာကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နယ်လှည့်ကွင်းဆင်း ပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

နယ်သတင်းများ

GAP Inspector သင်တန်းအမှတ်စဉ် (၅/၂၀၁၉) သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘိုရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်းတွင် (၂၀.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် GAP Inspector အမှတ်စဉ်(၅/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဦးတင့်လွင်နှင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်းတို့မှ အမှာစကားပြောကြားကြသည်။

နယ်သတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီး ဌာနတို့ပူးပေါင်း၍ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြင်သင်တန်း မြန်အောင်မြို့၌ ဖွင့်လှစ်

မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြင် သင်တန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား သင်တန်းသူ (၃၀) ဦး တက်ရောက် သင်ကြားလျက်ရှိပြီး မေလ ၂၉ ရက်နေ့အထိ (၁၅)ရက် စာတွေ့လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။