ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဝန်ထမ်းများအား တွေ့ဆုံ ၊ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးမှာကြား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူး ချုပ်များ နှင့်အတူ ဇွန်လ ၂ ရက် နံနက် ၉ နာရီ အချိန်က မြိုင်မြို့နယ် ဥယျာဉ်ကျေးရွာ တွင် စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး  နှင့် မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း တို့ ဦးဆောင်သော စိုက်ပျိုးရေး ဝန်ထမ်းများအား တွေ့ဆုံသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝန်ကြီးဌာန ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အခြေခံ တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှိ ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ၊  စီမံကိန်းများ၊လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လွယ်ကူ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံ တရုတ်ဘာသာစကားသင်တန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး ၏ ပူးပေါင်းကူညီမှုဖြင့် ဇွန်လ ၄ ရက်နေ့က နေပြည်တော် ရုံးအမှတ် ၁၅ တွင်ဖွင့်လှစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ ဦးကျော်ငွေ နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ တာဝန်ရှိသူများ ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ Read More…

နယ်သတင်းများ သတင်းကဏ္ဍ

သီးနှံအထွက်နှုန်း တိုးမြင့်လာရေး မိုးစပါးစိုက် တောင်သူ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်တွင် တောင်သူများ စိုက်ပျိုး သီးနှံမျိုးစုံ ခေတ်မီ စိုက်ပျိုး နည်းစနစ်များ သိရှိနားလည် လာစေရန်နှင့် မျိုးကောင်းမျိုးသန့်များ သုံးစွဲ၍ ဓာတုကင်းလွတ် စပါးအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်အတွက် ပူတာအိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာနက

နယ်သတင်းများ သတင်းကဏ္ဍ

ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေးသင်တန်း ဖွင့်လှစ်

ကျေးလက်နေ ပြည်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ သီးနှံများ စိုက်ပျိုးရာတွင် နည်းပညာ ကြွယ်ဝစွာဖြင့် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်နှင့် ပြည်သူများ မသိရှိသေးသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကြောင်းအရာ အချက်အလက် များကို သိရှိစေရန် ရည်ရွယ်၍

နယ်သတင်းများ သတင်းကဏ္ဍ

တစ်ဧကအကျိူး အမြတ် ပိုမိုရရှိသည့် နွေနှမ်းသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က တောင်သူများအား ပညာပေးစည်းရုံးဆောင်ရွက်နိုင်ခဲ့

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က ကျင်းပပြုလုပ်သော တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲ ကို ဇွန်လ ၃ ရက် နံနက်ပိုင်းက ပင်းဝအုပ်စု၊ ရွာသစ်ကလေး ကျေးရွာ ကွင်းအမှတ်(၈)၊ တောင်သူ ဦးကျော်ဇော ၏ နွေနှမ်(၁၀)ဧက စံပြကွက် ၌ ကျင်းပရာ  ကွင်းသရုပ်ပြပွဲသို့