ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ (၂၂)ရက်နေ့ က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်း အားကစားမောင်မယ်များ တက်ရောက် ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးလုပ်ငန်းမှ နိုင်ငံတော်အတွက် နှစ်စဉ်အခွန်ငွေ ကျပ်(၆)ဘီလီယံကျော် ရရှိနေပြီး၊ ငါးလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ နေ့စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိ

ရေလုပ်ငန်းကဏ္ဍသည် လူတန်းစားအလွှာအသီးသီး၏ စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝရေး၊ အလုပ်အကိုင်နှင့်ဝင်ငွေရရှိရေးကိုများစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာ့ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေး နှင့် ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေး အတွက် ပင်လယ်ရေပြင်သယံဇာတများ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Blue Ocean Economy စံနှုန်းများ လိုက်နာဆောင်ရွက်ရေး အသိပညာနှင့် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြပ်မတ်ခြင်း လုပ်ငန်းများ ကို တိတိကျကျ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရေလုပ်သားများ အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ၊ ဘေးကင်းလုံခြုံမှု နှင့် သက်သာခွင့်များ ရှာဖွေဖြည့်ဆည်း ပေးခြင်း၊ ဝန်ထမ်းနှင့်ပြည်သူဆက်ဆံမှု တိုးတက်ကောင်းမွန်ရေး တို့ကို ဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ ဒီဇင်ဘာလ(၂၂)ရက် က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန၊ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲကျင်းပ

               စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ (၂၀) ရက်နေ့ က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ၏ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်  

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည်  ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက် ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ  နေပြည်တော်  တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီး တွင် တည်ဆောက်ထား သည့် ဆင်သေရေလှောင်တမံ နှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေ သိုလှောင် ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှု နှင့် မြို့ပြသုံးရေ ပေးဝေမှုလုပ်ငန်းများ ကိုကြည့်ရှု စစ်ဆေးကာ ဒုတိယဝန်ကြီး က စိုက်ပျိုးရေများစနစ်တကျ ထိန်းညှိပေးရန်၊ ရေများ အလေအလွင့် မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ဌာနဝန်ထမ်းများ စနစ်တကျ ပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အရင်း အနှီးစရိတ် နည်းပါးပြီး ဝင်ငွေအကျိုးအမြတ် တိုးတက် ရရှိစေမည့် ကျေးလက် စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

မြို့ပြနှင့်ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး အတွက် မိမိတို့ဝန်ကြီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများတွင် တောင်သူများ နှင့် မြေယာမဲ့များ အားလုံးအတွက် အရင်း အနှီးစရိတ် နည်းပါးပြီး ဝင်ငွေ အကျိုးအမြတ် တိုးတက် ရရှိစေမည့် ကျေးလက် စီးပွားရေး လုပ်ငန်းများ ဖော်ဆောင် ပေးနိုင်ရေး အစီအမံများ၊ နည်းလမ်းများ နှင့် ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များ ကို သက်ဆိုင်ရာ ဌာနများ အလိုက် လေ့လာ စမ်းစစ်ဖော်ထုတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ပေး ကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အတွေ့ အကြုံများကို အခြေခံ၍ စိန်ခေါ်မှုများ ကျော်ဖြတ်နိုင်ရေး ၊ လုပ်ငန်းများ ပိုမို ထိရောက် အောင်မြင်ရေး အခွင့်အလမ်းများအဖြစ် Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကဏ္ဍပေါင်းစုံ၌ ထိခိုက်မှုများ ကြုံတွေ့နေရချိန်တွင် လယ်ယာ သားငါး ကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှု နှင့် ကုန်သွယ်စီးဆင်းမှု ကိုလည်း သက်ရောက်လာလျက်ရှိရာ တောင်သူ လယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန်၊ စိုက်ပျိုးရေး ကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက် ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။