ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပလျက်ရှိရာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးခြင်းကို စိတ်ဝင်စားသူများ၊ သစ်ခွ နှင်းဆီ နှင့် အလှပန်းစိုက်ပျိုးခြင်းကို နှစ်သက်သူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလျက်ရှိသကဲ့သို့ အလှဓါတ်ပုံ ရိုက်ကူးခြင်းကို နှစ်သက်ကြသူများဖြင့်လည်း စည်းကားလျက်ရှိကြောင်းသိရသည်။
သတင်းကဏ္ဍ
နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပဲတီစိမ်း ဧက ၁၂၀၀၀၀ ကျော် နှင့် နွေစပါး ဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်း နှင့် နွေစပါး စီမံကိန်းဝင် တောင်သူများအား သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်း က သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့မှ ညွှန်ကြားရေမှူးချုပ်များ၊ တိုင်းဒေသကြီး နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းဝင်တောင်သူများ တက်ရောက်ကြသည်။
တောင်သူများ၏ လူမှုစီးပွားဘဝများ ခိုင်ခိုင်မာမာဖြင့် ဖွံ့ဖြိုး အောင်မြင်လာရေး ကြိုးပမ်းကြရန်လို
တောင်သူလယ်သမားများ အနေဖြင့် စိတ် သဘောထား တူသူများ စုပေါင်း၍ လယ်ယာ ကုန်ထုတ်နှင့် ဝန်ဆောင်မှုဆိုင်ရာ သမဝါယမ အဖွဲ့အစည်းများ ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အသင်းပိုင် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် ရင်းနှီးမတည်ငွေများ ခိုင်မာလာရေး စနစ်တကျ စီမံ ဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွား ဘဝများ ခိုင်ခိုင်မာမာ ဖြင့် ဖွံ့ဖြိုးအောင်မြင်လာရေး ကြိုးပမ်းကြရန် လိုကြောင်း ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ တောင်သူ လယ်သမားများ၊ ချောင်းမငယ် ဆည် ရေသောက် ရေအသုံးချသူများ အဖွဲ့ (Water User Group-WUG) များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး Read More…
ဆည်ရေသောက်ဧရိယာများအတွင်း မြေလွတ်မြေလပ်မကျန် သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးရန်လိုအပ်
နေပြည်တော်ကောင်စီနယ်မြေအား တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြေရေး၊ ဒေသရှိစိုက်ပျိုးမြေများ ၏ တစ်ဧကချင်း ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး နှင့် တောင်သူများ ဝင်ငွေ တိုးတက်ရေးအတွက် မြေဆီလွှာပျက်စီးမှုမရှိစေပဲ တစ်နှစ်သုံးသီး သီးထပ် စိုက်ပျိုး နိုင်မည့် သီးနှံ ပုံစံများ ရေးဆွဲပေးခြင်း ၊ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးခြင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ အခြေအနေပေးသည့် ဒေသများတွင်လည်း ရေ မြေ ရာသီဥတု နှင့် ကိုက်ညီစွာ သီးထပ် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းလျက်သည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ Read More…
ဇမ္ဗူသီရိမြို့နယ်တွင် ယခုနှစ်မိုးစပါး ဧက(၁၂၀၀)ကျော် စိုက်ပျိုး
ဒေသ၏ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးနှင့် အထွက်နှုန်းမြင့်မားသော မျိုးစေ့ထုတ်လုပ်ခြင်း ကို အတွေ့အကြုံ ရှိသော အကျိုးဆောင်တောင်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မျိုးစေ့ စီးဆင်းမှုလမ်းကြောင်း မှန်ကန်စေရေး ၊ ကျယ်ပြန့်ထိရောက် သော မျိုးဖြန့်ဖြူးမှု လုပ်ငန်းဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ (၂၃)ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ဂုံမင်းအင်း ကျေးရွာ၊ ကွင်းအမှတ် (၁၆၆၀)တောင်သူ ဦးကျောက် ၏ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
လယ်ယာ ကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးရေး အလေးထားဆောင်ရွက်
မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ အနာဂတ် ဖြောင့်ဖြူးသာယာရေး၊ လယ်ယာ ကဏ္ဍ အတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး အတွက် ဆရာ့ဝတ္တရား ကျေပွန်စွာ စေတနာထား ကြိုးစား အားထုတ်နေကြသည့် ဆရာကြီး ဆရာမကြီးများကို ကျေးဇူးအထူးတင်ရှိပါကြောင်း နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း ၏ စာသင်နှစ်အလိုက်သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြို လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။