သတင်းကဏ္ဍ

အနောက်တောင်မုတ်သုံလေဝင်ရောက်သည့် အခြေအနေ

ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက် အနောက်တောင်မုတ်သုံလေဝင်ရောက်သည့် အခြေအနေ လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

နယ်သတင်းများ သတင်းကဏ္ဍ

ခမီတိုင်းရင်းသားများ အတွက် လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင် သော ထွန် / ထယ် ကိရိယာ အပြည့် အစုံအား လွှဲပြောင်းပေးအပ်

                   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်းကျေးရွာ နေ ခမီတိုင်းရင်းသားများ အား လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင် သော ထွန် / ထယ် ကိရိယာ အပြည့် အစုံအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ကိုယ်စား  ရခိုင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ကြည် က ဒေသခံ တိုင်းရင်းသား များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။                   လယ်ယာလုပ်ငန်းတွင် ထွန်ယက်ရေးဆောင်ရွက်ရန် အခက်အခဲ ဖြစ်ပေါ်နေ ပါသဖြင့် လက်တွန်းထွန်စက် (၁)စီး ပံ့ပိုးကူညီပေးနိုင်ပါရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ တင်ပြလာသဖြင့် ဝန်ကြီးဌာန က လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင်သော ထွန် / Read More…

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တရုတ်-အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်စိုက်ပျိုးပြသပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ အလားအလာကောင်း ခရမ်းချဉ် မျိုးသစ် CLN 2498D အကောင်းဆုံးဆုရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ ဟင်းသီး ဟင်းရွက် မျိုးသစ် စိုက်ပျိုးပြသပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ခရမ်းချဉ် မျိုးသစ် CLN 2498D က အကောင်းဆုံး ဆု ရရှိခဲ့ကြောင်း သိရှိရသည်။ ပြပွဲတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အလားအလာကောင်း ဟင်းသီး ဟင်းရွက် မျိုးသစ်များ အဖြစ် ခရမ်းချဉ်၊ ခရမ်း၊ ဟင်းစားပဲပုပ် နှင့် ရုံးပတီ မျိုးသစ်(၁)မျိုးစီနှင့် ငရုတ်မျိုးသစ်(၃)မျိုး၊ စုစုပေါင်း(၇) မျိုး ပါဝင်စိုက်ပျိုး ပြသခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း PGMF တာဝန်ရှိသူများနှင့် တွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်တာဝန်ရှိသူများ နှင့်အတူ မေလ(၃၀)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း(PGMF)မှ President & CEO ဖြစ်သူ Mr.Mark Viso ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နယ်သတင်းများ သတင်းကဏ္ဍ

ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင် အဆင့်မြင့်စံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်း

             နေပြည်တော်ပြည်ထောင်စုနယ်မြေ ၊ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်  အဆင့်မြင့်စံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို မေလ ၃၀ ရက် နံနက် ပိုင်းက အဆိုပါကျေးရွာရှိ တောင်သူ ဦးစံလင်း ၏ ကွင်းအမှတ် ၁၅၈၉ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းဦး နှင့် ခရိုင် မြို့နယ် တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

နယ်သတင်းများ သတင်းကဏ္ဍ

ကော့သောင်း၊ ဘုတ်ပြင်း တွင် ကော်ဖီ နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တလျောက် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး အတွက် နည်းပညာပြန့်ပွားရေးအစီအစဉ်များ ကြိုပမ်းဆောင်ရွက်မှုနှင့် တပြိုင်တည်းတွင်  ၇၀ % သော နိုင်ငံလူဦးရေအများဆုံး မှီတင်း နေထိုင်ရာ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ တပိုင်တနိုင် ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်သည် အထိ စိုက်ပျိုးရေးအခြေခံစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် တို့အတွက်လည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။