နယ်သတင်းများ သတင်းကဏ္ဍ

ညောင်ဦးမြို့နယ် တွင် ဒေသနှင့်ကိုက်ညီသည့်မျိုးရွေးချယ်နိုင်စေရန် ပဲစဉ်းငုံမျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုး

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့ ပူပေါင်းဆောင်ရွက် သည့် ပဲစဉ်းငုံမျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးခြင်းကို မေလ ၂၈ရက် နေ့က ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာ တွင် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် လုပ်ငန်းခွင်လက်တွေ့ ကွင်းဆင်း ကျောင်းသားများ နှင့် ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ကြသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးရွာငွေတိုက်စနစ် SMG ထူထောင်ရန် မီးခံသေတ္တာများ ပေးအပ်

ကျေးရွာငွေတိုက်စနစ်SMGထူထောင်ရန် မီးခံသေတ္တာများ ပေးအပ်ပွဲအခမ်းအနား ကို မေလ ၂၉ ရက် နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ရုံးအမှတ်၁၅ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ ၊ စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ အလှူရှင် Korea Federation of Community Credit Cooperatives (KFCCC) မှ ဒုတိယဥက္ကဌ Mr. Hwang Kook Hyun ၊ အမှုဆောင် ဒါရိုက်တာ နှင့် မန်နေဂျာများ တက်ရောက်ကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ACIAR ထောက်ပံမှု အစီအစဉ်ဖြင့် စပါး- ငါးစနစ်များ ဖွံ့ဖြိုး တိုးတက်ရေး သုတေသနစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို IRRI နှင့် DAR တို့ ဆွေးနွေး

သြစတြေးလျနိုင်ငံ ACIAR မှ ထောက်ပံမှု အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် စပါး-ငါးစနစ်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စပါး-ငါး စနစ်များ ဖွံဖြိုးတိုးတက်စေရေးစီမံကိန်း ကော်မတီအစည်းအဝေးကျင်းပ

စပါး-ငါး စနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံကိန်း ကော်မတီအစည်းအဝေးကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာဦးဆောင် ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်ပါဆောင်ရွက်လျက်ရှိရာ ဘတ်ဂျက် တောင်းခံမှုနှင့် ချေးငွေစာချုပ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက် ရန် အရေးကြီးကြောင်း၊

နယ်သတင်းများ သတင်းကဏ္ဍ

စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)တို့ ပူးပေါင်းဆောင်ရွက်ပြီး မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်ခြင်း

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)သည် မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ အခွင့်အလမ်းများလက်လှမ်းမှီ၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထူထောင်ထားသော အဖွဲ့အစည်းဖြစ်ပါသည်။