သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

နည်းပညာ အချက်အလက်များ အသေးစိတ် စိစစ်ပြီး သည့် ပိုးသတ်ဆေး အမျိုးပေါင်း (၂၄၅)မျိုး အား မှတ်ပုံတင် ခွင့်ပြုပေးနိုင်ရေး ဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံ၏ အဓိကစားသုံးသီးနှံများ နှင့် ပြည်ပပို့ကုန် သီးနှံများ ကို အထွက်နှုန်းတိုးတက်ရေး၊ အာဟာရပြည့်ဝပြီး စားသုံးသူ ဘေးကင်း လုံခြုံရေး နှင့် ဈေးကွက် စံချိန်စံညွှန်းများ အညီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အထွက်နှုန်းတိုးတက်စေရေး အထောက်အကူပြု သွင်းအားစု တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများသုံးစွဲရာတွင် အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ သို့ သတင်း အချက်အလက်များ ပြုစုတင်ပြခြင်း၊ စိစစ် သုံးသပ် အကြံပြုခြင်းများ ကို ပိုးသတ်ဆေး နည်းပညာကော်မတီ က ဆောင်ရွက်လျက် ရှိသကဲ့သို့ ပိုးသတ်ဆေး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း လုပ်ငန်း စဉ်များ ကိုလည်း ခေတ်စနစ်နှင့်အညီ ပိုမိုကောင်းမွန်စွာ ပြောင်းလဲ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်ရေသောက်ဧရိယာအတွင်း ဝင်ငွေရ တွက်ခြေကိုက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်း ကူညီ

ယခုနှစ် မိုးရာသီ၌ နိုင်ငံတစ်ဝှမ်းရှိ ဆည်တမံများဝင်ရေ သိုလှောင်ရာတွင် ယနေ့အထိ ဆည်တမံ (၂၇)ခု တွင် ရေပိုလွှဲမှ ရေကျော်လျက်ရှိပြီး၊ ဆည်တမံ (၁၈)ခုတွင် ရာနှုန်းပြည့် သိုလှောင် နိုင်လျက်ရှိကာ ၈၀% နှင့် အထက် (၈၅)ခု နှင့် အခြားရေလှောင်တမံများတွင်လည်း ဝင်ရေ သိုလှောင်စုဆောင်း နိုင်လျက်ရှိနေသည်ဟု သိရှိရကြောင်း၊ ဆည်တမံများ ဘေးကင်း လုံခြုံရေး နှင့် ဆည်ရေများ အလေအလွင့် မရှိ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများ တွင် ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး တောင်သူအတွက် ဝင်ငွေရ တွက်ခြေကိုက် သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် သီးနှံပုံစံများ Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ မိုးစပါးတင်းတစ်ရာထွက်ရှိရေး ဧကတစ်ရာ စံပြကွက်များအား ကွင်းဆင်းစစ်ဆေး

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် အဓိက လိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများကို ခေတ်မီဆန်းသစ်၍ ရေရှည် တည်တံ့စေရန် နှင့် ဒေသ ရေ၊ မြေ၊ ရာသီဉတုနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုဖြစ်စေရန်  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ကူညီပံ့ပိုးပေးလျက်ရှိရာ စားသုံးမှု ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ဖူလုံပိုလျှံရေး အတွက် စိုက်ပျိုးထုတ်လုပ်သူ ပြုပြင် ထုပ်ပိုး သိုလှောင် ရောင်းချသူများ အားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အောက်တိုဘာလ(၉)ရက်နေ့ က စိုက်ပျိုး  မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်စဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လက်ကား​စျေးသို့​ ရောက်ရှိလာသော ကုန်စည်များ၌ ဓါတုဗေဒ ပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိ​စေ​ရေး ၊ စားသုံးသူများ အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် ဆက်စပ် ဌာနများ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည်

စားသုံးသူ​များ အတွက် ဟင်းသီးဟင်းရွက်သစ်သီးဝလံ နှင့် သားငါးများ လတ်လတ် ဆပ်ဆပ်စား​သုံးနိုင်ကြစေရန် နှင့် စိုက်ပျိုး ထုတ်လုပ်သူ​များ အတွက် ​စျေးကွက်ရရှိရန် ၊ မှန်ကန် သည့် စျေးနှုန်း ရရှိရန် လက္ကား​စျေးများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ လူဦး​ရေ ၇ . ၈ သန်းရှိ​သော ရန်ကုန်မြို့ကဲ့သို့ လူဦး​ရေ ထူထပ်သည့် မြို့ကြီး​များ၌ လက္ကား​စျေးများ  မရှိမဖြစ် လိုအပ် ပါ​ကြောင်း၊ တစ်ချိန်တည်းတွင် လက်ကား​စျေးသို့​ ရောက်ရှိလာသော ကုန်စည်များ၌ ဓါတုဗေဒ ပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိ​စေ​ရေး ၊ စားသုံးသူများ အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် စစ်​ဆေး ကြပ်မတ်ခြင်း ကိုလည်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ သက်ဆိုင်ရာ ဆက်စပ် ဌာနများ အကြား ပူးပေါင်း Read More…

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဂျီအေပီ နှင့် ဓါတုကင်းလွတ် စိုက်ပျိုးရေး ထွက်ကုန်များ ကို လက်လီလက်ကားဈေးများနှင့် ချိတ်ဆက် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။

ရေလှောင်တမံကြီးများဘေးကင်းလုံခြုံရေး နှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧကပြည့် ဆည်ရေပေးဝေနိုင်ရေး ၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း အောက်တိုဘာလ(၉)ရက်နေ့က ငမိုးရိပ်ရေလှောင်တမံ သို့ ရောက်ရှိစစ်ဆေးစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများ အား ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြန်မာနိုင်ငံ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်အတွင်း လိုက်ပါလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက် ၍ သီးနှံလေလွင့် ဆုံးရှုံးမှု လျော့ပါးစေရေး နှင့်  ပြည်ပပို့ကုန် တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။