မိသားစုဥယျာဉ်

အိမ်နောက်ဖေးစျေးဆိုင်တည်ပါ

         အိမ်ခြံဝန်းအတွင်း သီးနှံများတပိုင်တနိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများအား ဝါသနာ အရ ပြုစုစောင့်ရှောက်ခြင်းသည် လူသားများ၏ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှု အတွက် များစွာ အထောက်အပံ့ ပြုကြောင်းသိရှိလာကြပြီဖြစ်သည်။ထို့ပြင် အိမ်နောက်ဖေး စျေးဆိုင် တည် ဆိုသည့် ဆိုရိုးအတိုင်း မိသားစု ၏ အစားအစာများအတွက် ကုန်ကျစရိတ်ကို ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လျော့ချနိုင်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လတ်ဆတ် သည့် သီးနှံများအား ဘေးကင်းစွာစားသုံးရခြင်းနှင့်အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များ ကို မိသားစုဝင်များအားလုံးရရှိမည်ဖြစ်သည်။

မိသားစုဥယျာဉ်

ဟင်းသီးဟင်းရွက် အမျိုးအစားခွဲခြားခြင်း

(၁) အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင် မုန်ညင်း၊မုန်လာအုပ်စု(CRUCIFERAE)၊ ကြက်သွန်အုပ်စု(ALLIACEAE)၊ ဘူး၊ဖရုံအုပ်စု (CUCURBITACEAE)၊ အာလူး၊ခရမ်းချဉ်အုပ်စု(SOLANACEAE)၊ ပဲမျိုးနွယ်အုပ်စု(LEGUMINACEAE) (၂) အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများ တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီ ဥတု အေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြ ပါသည်။ ဥပမာ- ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း) အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသ များတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။ ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ် (၃) ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် Read More…

စိုက်-မွေးသုတ မိသားစုဥယျာဉ်

ဟင်းသီးဟင်းရွက်အဓိပ္ပါယ်ဖွင့်ဆိုချက်

အိမ်ရှင်မများအနေဖြင့် မိမိတို့၏ ခင်ပွန်း၊သားသမီးများ မိသားစုအားလုံး၏ စားသောက်ရေး ကိစ္စများကို တာဝန်ယူနေရသူများဖြစ်ရာ၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော စားသောက်ရေးစနစ် များကို မလွဲမသွေ သိရှိနားလည်ပြီးကြသူများ ဖြစ်ပါသည်။