ဦးစီးဌာနသတင်းများ

မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၁၉)သင်တန်းဖွင့်လှစ်

ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံ သင်တန်းအမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ(၂၀)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နေပြည်တော် ရေဆင်း ရှိ AERDTC သင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို၊ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ရှိ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ ​အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆို၍ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို က အဖွင့်အမှာစကားပြောကြားပြီး ၊ သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ က သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးပညာပေးရေးနှင့် Read More…

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

        စိုက်ပျိုးရေးဦးစီးဌာန နှင့် JICA တို့ပူးပေါင်းဆောင်ရွက်သော စပါးသီးနှံတွင် မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို မေလ ၂၀ ရက် ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဦးစီးဌာနသတင်းများ

ချင်းပြည်နယ် အား ဓာတုဓါတ်ကြွင်းကင်းမဲ့ဇုန် (Organic Zone ) တည်ထောင် ဆောင်ရွက်နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ တို့ လိုက်ပါလျက် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ် မင်းတပ်ခရိုင် ခရိုင်စိုက်ပျိုးရေးရုံးသို့ရောက်ရှိကြပြီး

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ နှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ၊ KOICA နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန KCC Center တို့ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ နှင့် စီမံကိန်း

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပျော့ရွာမြစ်ရေတင်လျှပ်စစ်စီမံကိန်းအား ကြည့်ရှု့အားပေး စျေးကွက်ဝင်သီးနှံများ စိုက်ပျိုးနိုင်ရေး ဆွေးနွေး

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့သည် မေလ(၁၄)ရက်နေ့ နေ့လည်တွင် မြင်းမူမြို့နယ်၊ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ရောက်ရှိကြပြီး စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပဉ္စမအကြိမ် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပ။

         မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (ISSD Project) မှ ကျင်းပသည့် ပဉ္စမ အကြိမ် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့်ဆွေးနွေးပွဲ ကို မေလ ၁၄ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုံရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အဖွင့်အမှာစကား ပြောကြားသည်။