သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်း၊ မြက်နှင့်ပြောင်း ချဉ်ဖတ် ပြုလုပ်နည်းများ လက်တွေ့ သင်တန်းဖွင့်လှစ်

လွှတ်ကျောင်းမွေးမြူရေးစနစ်မှ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ်ထွန်းကားလာစေရန် နှင့် အာဟာရပြည့်ဝသည့် အစားအစာများကို လုံလောက်စွာအသုံးပြုနိုင်ခြင်းကြောင့် အချိန်တို အတွင်း တိရစ္ဆာန်များ၏ ဖွံ့ဖြိုးကြီးထွားရှိစေသဖြင့် မွေးမြူရေးလုပ်ကိုင်သူအတွက် အကျိုးအမြတ် ပိုမိုရရှိစေရန် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးနိုင်ကြရန် နှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ် သုံးစွဲနိုင်ကြစေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က လိုအပ်သော နည်းပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၁၀)ရက်နေ့က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ၌ အဲဗာဂရင်းဂရပ်စ်(Ever Green Grass)မြက် လက်‌တွေ့စိုက်ပျိုးခြင်း သင်တန်းနှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ်မှု လက်တေွ့သင်တန်းကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးအဆင့် မွမ်းမံ သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန ရှိ မြို့ပြ၊ စက်မှု နှင့် ဘူမိဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများကို ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးမှ အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်ကြစေရန် Zoom Virtual Conference စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ ဇွန်လနောက်ဆုံးပတ်က သင်တန်း အပတ်စဉ်(၇)ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်

​စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက် ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆) ၌ ကျင်းပပြုလုပ်သည်။​

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ချောင်းမငယ်ရေလှောင်တမံ ရေဝေရေလဲနှင့် ရေသောက် ဧရိယာ တို့တွင် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုး

​လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်ဧရိယာ ရှိ ကျေးရွာများတွင် သီးနှံ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် နှင့် သီးနှံသစ်တောရောနှော စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့ နှင့် နှစ်ရှည်သီးနှံပျိုးပင်များ ထောက်ပံ့ ပေးအပ်ပွဲကို မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ပန်းညိုစမ်းကျေးရွာ ၌ ကျင်းပ ပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့်၊ ဦးဝင်းဦး နှင့်တာဝန်ရှိသူများ ကျေးရွာ(၇)ရွာ မှ တောင်သူများ တက်ရောက်ကြပြီး နှမ်း(၁၀၀)ဧက၊ စပါး(၁၀၀)ဧက နှင့် မြေပဲ(၂၅)ဧကစာအတွက် မျိုးစေ့များ နှင့် သရက်ပျိုးပင်၊ ပိန္နဲပျိုးပင် နှင့် ဌက်ပျောပျိုးပင်များ ကိုတောင်သူများထံ   ပေးအပ်ခဲ့သည်။ 

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၇)သင်တန်း ဖွင့်ပွဲကို မေလ ၂ ရက်နေ့ နံနက် နံနက်ပိုင်းက နေပြည်တော် ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဖွင့်

ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကအသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မဲခေါင်–လန်ချန်းအထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ် ၁၆ ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။