နယ်သတင်းများ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တစ်ခရိုင်နှစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စိုက်ခင်းကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး ကျင်းပ သည့် တောင်ကြီးခရိုင် ၏ တစ်ခရိုင်နှစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသော ရွာငံမြို့နယ်၊ ကျောက်မြောင်း ကျေးရွာအုပ်စု၊ ကဇက်ကျေးရွာရှိ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်း ထောက်ပံ့ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝန်ကြီးဌာန ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အခြေခံ တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှိ ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ၊  စီမံကိန်းများ၊လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လွယ်ကူ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံ တရုတ်ဘာသာစကားသင်တန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး ၏ ပူးပေါင်းကူညီမှုဖြင့် ဇွန်လ ၄ ရက်နေ့က နေပြည်တော် ရုံးအမှတ် ၁၅ တွင်ဖွင့်လှစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ ဦးကျော်ငွေ နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ တာဝန်ရှိသူများ ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ Read More…

မြန်မာဆေးမားအူးလ်SMU ဦးစီးဌာနသတင်းများ

မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းဝင်ကျေးရွာများအတွက် အသုံးချ စာရင်းရေး၊ စာရင်းကိုင် သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ ကျင်းပ

      မြန်မာဆယ်မာအူးလ် အွန်ဒုန် စီမံကိန်းဝင် ကျေးရွာများ၏ ကျေးရွာ ရန်ပုံငွေများ ကိုင်တွယ် ထိန်းသိမ်းရာ တွင် စာရင်းဇယားဆိုင်ရာလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အသုံးချ စာရင်းရေး၊ စာရင်းကိုင် သင်တန်း သင်တန်း  ၁/၂၀၁၉ ကို ဇွန်လ(၃)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က

လယ်-စီ-စာရင်း ဦးစီးဌာနသတင်းများ

ရယူထားတဲ့ မြေတွေနဲ့ပတ်သက်ပြီး အသုံးပြုမှုကို အစိုးရကသိအောင် လုပ်ရမယ့်အနေအထားတွေရှိ

၂၀၁၈ ခုနှစ်တွင်ပြင်ဆင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လက်ရှိကျင့်သုံးဆောင်ရွက်နေသော မြေယာမူဝါဒများနှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တရုတ်-အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်စိုက်ပျိုးပြသပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ အလားအလာကောင်း ခရမ်းချဉ် မျိုးသစ် CLN 2498D အကောင်းဆုံးဆုရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ ဟင်းသီး ဟင်းရွက် မျိုးသစ် စိုက်ပျိုးပြသပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ခရမ်းချဉ် မျိုးသစ် CLN 2498D က အကောင်းဆုံး ဆု ရရှိခဲ့ကြောင်း သိရှိရသည်။ ပြပွဲတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အလားအလာကောင်း ဟင်းသီး ဟင်းရွက် မျိုးသစ်များ အဖြစ် ခရမ်းချဉ်၊ ခရမ်း၊ ဟင်းစားပဲပုပ် နှင့် ရုံးပတီ မျိုးသစ်(၁)မျိုးစီနှင့် ငရုတ်မျိုးသစ်(၃)မျိုး၊ စုစုပေါင်း(၇) မျိုး ပါဝင်စိုက်ပျိုး ပြသခဲ့ခြင်းဖြစ်သည်။