သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ၏ အဆင့်မြင့် အရာရှိများ အထူးအစည်းအဝေးများ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်ဆွေးနွေး

(၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ၏ အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေး ကို ၂၀၂၁ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့တွင်လည်းကောင်း၊ (၂၀)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် (၆)ကြိမ်မြောက် အာဆီယံ−ရုရှား စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို သြဂုတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် လည်းကောင်း Online စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိခေါင်းဆောင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်း ၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုး Read More…

ဆည်-ရေကဏ္ဍ ဦးစီးဌာနသတင်းများ

ငလျင် ဖြစ်ပေါ်ရာဒေသ အနီးဝန်းကျင်ရှိ ဆည်ရေလှောင်တမံနှင့်‌ ဆက်စပ်‌ရေအားအဆောက်အအုံများ ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှု စစ်ဆေးပြီးစီး

ဇူလိုင်လ(၂၉) ရက်နေ့၊ ညနေ(၃)နာရီခန့်က ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင်အကွာတွင်အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်မြေငလျင်လှုပ်ခတ်ခဲ့ရာ အဆိုပါငလျင် ဖြစ်ပေါ်ရာဒေသ အနီးဝန်းကျင်ရှိ ဆည်ရေလှောင်တမံနှင့်‌ ဆက်စပ်‌ရေအားအဆောက်အအုံများ ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှု အခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၏ နည်းပညာ ဆိုင်ရာစိစစ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန်အတွက် လတ်တလောဆောင်ရွက်နေသည့်ရေရရှိရေး လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများနှင့် စူးစမ်းလေ့လာရေး လုပ်ငန်းများဖော်ထုတ်ချမှတ်နိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၏ နည်းပညာဆိုင်ရာစိစစ်ရေးအဖွဲ့(Irrigation Technical Authority I.T.A) အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန်များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မတီ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ

  မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စိုက်ပျိုးရေးနှင့် သစ်တော ထွက်ကုန်များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ ၏ (၂၈)ကြိမ်မြောက် အစည်းအဝေး ကို ဇူလိုင်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေး ခန်းမတွင် အခြေပြု၍ အွန်လိုင်းဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားသည်။

သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်း၊ မြက်နှင့်ပြောင်း ချဉ်ဖတ် ပြုလုပ်နည်းများ လက်တွေ့ သင်တန်းဖွင့်လှစ်

လွှတ်ကျောင်းမွေးမြူရေးစနစ်မှ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ်ထွန်းကားလာစေရန် နှင့် အာဟာရပြည့်ဝသည့် အစားအစာများကို လုံလောက်စွာအသုံးပြုနိုင်ခြင်းကြောင့် အချိန်တို အတွင်း တိရစ္ဆာန်များ၏ ဖွံ့ဖြိုးကြီးထွားရှိစေသဖြင့် မွေးမြူရေးလုပ်ကိုင်သူအတွက် အကျိုးအမြတ် ပိုမိုရရှိစေရန် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးနိုင်ကြရန် နှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ် သုံးစွဲနိုင်ကြစေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က လိုအပ်သော နည်းပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၁၀)ရက်နေ့က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ၌ အဲဗာဂရင်းဂရပ်စ်(Ever Green Grass)မြက် လက်‌တွေ့စိုက်ပျိုးခြင်း သင်တန်းနှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ်မှု လက်တေွ့သင်တန်းကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။