မော်ကွန်းမှတ်တမ်းများ လယ်ယာကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဒုတိယကာလတိုငါးနှစ်လယ်ယာကဏ္ဍမူဝါဒနှင့်လုပ်ငန်းစဉ်များ

မြန်မာ့လယ်ယာကဏ္ဍအခြေအနေ ၁။  မြန်မာနိုင်ငံလူဦးရေ၏၇၀%သည် ကျေးလက်ဒေသတွင်နေထိုင်လျက်ရှိကြပြီး အများစု၏ အဓိက စီးပွားရေး လုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်ပါသည်။ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး (GDP) ၏၃၀% ခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူလယ်သမား အများစု၏ လယ်ယာမြေနှင့် ပတ်သက်သော အကျိုး ခံစားခွင့် အလွန်နည်းပါးလှပြီး ၎င်းတို့၏လူမှုစီးပွားဘဝသည် နိမ့်ကျလျက်ရှိပါသည်။

မော်ကွန်းမှတ်တမ်းများ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ဌာနအကြီးအကဲများ

မော်ကွန်းမှတ်တမ်းများ

၁၃၈ဝခုနှစ် တပေါင်းလပြည့်နေ့၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲ နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းနားကို ၁၃၈ဝခုနှစ် တပေါင်းလပြည့်  နေ့၊(၂၀-၃-၂၀၁၉)ရက်နေ့၊ ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိသားစုများက လှူဘွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဇနီး ဒေါ်ခင်သီတာ ဦးကျော်မင်းဦး အမြဲတမ်းအတွင်းဝန်(လယ်ယာကဏ္ဍ) ဒေါက်တာခင်ဇော် အမြဲတမ်းအတွင်းဝန်(မွေး-ရေကဏ္ဍ) ဦးကျော်ငွေ အမြဲတမ်းအတွင်းဝန်(သမဝါယမကဏ္ဍ) ဦးကျော်ဆွေလင်း ညွှန်ကြားရေးမှူးချုပ် ( စီမံကိန်းဦးစီးဌာန) ဦးစိုးလှိုင် ညွှန်ကြားရေးမှူးချုပ် (စက်မှုလယ်ယာဦးစီးဌာန) ဦးသက်နိုင်ဦး ညွှန်ကြားရေးမှူးချုပ် (လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန) ဦးမြသန်း ညွှန်ကြားရေးမှူးချုပ် (အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန) ဦးခန့်ဇော် နှင့် ဇနီး ညွှန်ကြားရေးမှူးချုပ် (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ဦးလှထွန်း ဒုတိယအမြဲတမ်းအတွင်းဝန် (မွေး-ရေကဏ္ဍ) ဦးအေးကိုကို ဒုတိယညွှန်ကြားရေးမှူးချုပ်(တိုင်း/ပြည်နယ်) စိုက်ပျိုးရေးဦးစီးဌာန ဦးလှမြင့်အောင် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) Read More…