လယ်ယာကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

၂၀၂၀ ခုနှစ် မိုးစပါးရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ဆန်တန်ချိန် (၁၃)သန်းကျော် ထွက်ရှိနိုင်မည်ဟု သိရှိရ

          နိုင်ငံတော်တစ်ဝှမ်းလုံးရှိ တောင်သူလယ်သမားများ က ၂၀၂၀ ခုနှစ် မိုးရာသီ၌ မိုးစပါး ဧကစုစုပေါင်း(၁၅)သန်းနီးပါးခန့် စိုက်ပျိုးခဲ့ရာတွင် ယခုအခါ ဒေသ အသီးသီး၌ စပါးများ ရင့်မှည့်၍ ကောင်းစွာရိတ်သိမ်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် အထိ အဆိုပါစိုက်ဧကများမှ ဧက(၁၄.၅)သန်းကျော် ရိတ်သိမ်း ပြီးစီး ခဲ့ကြောင်း နှင့် ကျန် စိုက်ဧကများ ကိုလည်း ရင့်မှည့်ချိန်အလိုက် အချိန်မီ ရိတ်သိမ်းလျက် ရှိရာတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သော ခန့်မှန်း ကိန်းဂဏန်းများအရ စုစုပေါင်း ဆန်တန်ချိန်(၁၃.၄)သန်းကျော်ခန့် ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

လယ်ယာကဏ္ဍ ဦးစီးဌာနသတင်းများ

ACIAR-SRA နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးထက်သန်ရေး ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဗဟိုဌာန ACIAR-SRA နှင့်  စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ တို့ပူးပေါင်းဆောင်ရွက်မည့်  ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မြေဆီလွှာတိုက်စားမှု လျော့နည်းစေရန်နှင့် မြေဆီလွှာ စီမံခန့်ခွဲမှု စံပြကွက်များ ဆောင်ရွက်ရန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း ကို သြဂုတ်လ (၁၈)ရက်နေ့ က နေပြည်တော် ရုံးအမှတ် (၁၅)၌ ကျင်းပပြုလုပ်သည်။

လယ်-စီ-စာရင်း လယ်ယာကဏ္ဍ သတင်းကဏ္ဍ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ရယူသုံးစွဲလုပ်ကိုင်နိုင်ရေး

           နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအားအသုံးပြု၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်တွင် အမိန့် ကြော်ငြာစာအမှတ်(၄၄/၉၁)ဖြင့်ထုတ်ပြန်၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်း နှင့်ဆက်နွယ်လျှက်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် လိုသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းနှင့် သမဝါယမအသင်းများ၊ ဖက်စပ် လုပ်ငန်းများ၊ အခြားအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကများက မြေယာလုပ်ပိုင်ခွင့်/ အသုံးပြုခွင့် အတွက် လျှောက်ထားလာခြင်းများ ကို စတင်ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါသည်။

စိုက်-မွေးသုတ ဆောင်းပါး လယ်ယာကဏ္ဍ သီးနှံပိုးမွှားရောဂါ

ကြိုတင်သတိပြုဖွယ် ကန္တာရနှံကောင်အန္တရာယ်

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့ စိုက်ပျိုး ထုတ်လုပ်ရေးကို ခြိမ်းခြောက်လာသည့် အင်းဆက် တစ်မျိုးရှိပါသည်။ ထိုအင်းဆက်မှာ မြန်မာလူမျိုးအများစုက ကျိုင်းကောင်ဟု ခေါ်လေ့ရှိ သော အင်္ဂလိပ်လို (Locust) ဟု ခေါ်သည့် အင်းဆက် ဖြစ်ပါသည်။ အမှန်တွင် ထို အင်းဆက်သည် ကျွန်ုပ်တို့ တွေ့နေကျ နှံကောင် (Grasshopper) အမျိုးအစားဖြစ်ပြီး မျိုးရင်း (Orthoptera) ဖြစ်ကာ မျိုးရင်း (Coleoptera) တွင် ပါဝင်သော ကျိုင်းကောင် (Beetle) အမျိုးအစား မဟုတ်ပါ။ ဤနှံကောင်များသည် ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့် ကောင်းမွန်စွာ လိုက်လျော ညီထွေ နေထိုင်နိုင်ပြီး ၄င်းတို့သားပေါက်သောနေရာတွေဆီသို့ ကီလိုမီတာ ရာပေါင်းများစွာမှ ထောင်ပေါင်း များစွာအထိ ပျံသန်းနိုင်ကြပါသည်။

စပါးသီးနှံ စိုက်-မွေးသုတ လယ်ယာကဏ္ဍ

စပါးကြဲပက်စိုက်ပျိုးနည်း (Broadcasting)

မိုးဦးကာလ နှင့် မိုးလယ်ကာလ၊ မိုးခေါင်သောအခါတွင်လည်းကောင်း၊ ရေကြီးနစ်မြုပ် ဖြစ်တတ် သော ရေနက်ကွင်းများတွင်လည်းကောင်း၊ ဒီရေအတက်အကျရှိသော နေရာများတွင် လည်းကောင်း၊ သွင်းရေရရှိရန် မလွယ်ကူသော မိုးရေသောက် ကုန်းမြင့်ပိုင်း လယ်များ တွင် လည်းကောင်း၊ အချိန်လု၍ စိုက်ပျိုးရန်လိုအပ်သည့်ကာလများတွင်လည်းကောင်း၊ ဒေသ အလိုက် သင့်တော်သည့် စိုက်ပျိုးနည်းများအနက်အောက်ပါစိုက်ပျိုးနည်းကို အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ စပါးကြဲပက်စိုက်ပျိုးနည်း (Broadcasting) စပါးကြဲပက်စိုက်ပျိုးနည်းသည် အချိန်တိုအတွင်း၊ လုပ်သားနှင့် ရေလိုအပ်ချက် နည်းနည်းဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ကုန်ကျစရိတ်လျော့နည်းစေသည့် နည်းစနစ်တစ်ခု ဖြစ်ပါသည်။ စပါးကြဲပက်စိုက်ပျိုးနည်း (၂)နည်းရှိပါသည်။ စပါးအခြောက်ကြဲပက်စိုက်ပျိုးခြင်းနှင့် အစိုကြဲပက် စိုက်ပျိုးခြင်းဟူ၍ဖြစ်ပါသည်။

စပါးသီးနှံ စိုက်-မွေးသုတ လယ်ယာကဏ္ဍ

စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း (Dry Direct Seeding)

မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော စပါးစိုက်ပျိုးနည်းများအနက် ရေသုံးစွဲမှုနှင့် လုပ်သားအင်အား လျော့ချချွေတာနိုင်မည့် အောက်ပါ စိုက်ပျိုးနည်းတစ်ခုကို အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း (Dry Direct Seeding) စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်အား မြန်မာနိုင်ငံတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ၌ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရေ ခက်ခဲသော (သို့) အကန့်အသတ်ရှိနေသော ဒေသများ၊ ရေကြီးနစ်မြုပ်ဒေသများ၊ လယ်သီးထပ် စောလျင်စွာစိုက်ပျိုးလိုသောဒေသများ၊ လုပ်သားအင်အား ခက်ခဲသော ဒေသများတွင် အသုံးပြု နိုင်ပြီး စိုက်ပျိုးနည်းစနစ်အား စနစ်တကျ လိုက်နာပါက စီးပွားရေးအကျိုးအမြတ်ရရှိနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။