မွေးမြူကုသရေးဆိုင်ရာ

“မြေပုံမြို့နယ်အတွင်း ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ”

မြေပုံမြို့နယ်၊ ကောအုပ်စု၊ ရွာသာယာကျေးရွာတွင် ၂၄-၁-၂၀၂၀ ရက်၌ ကျွဲများသေဆုံးကြောင်း လူမှုကွန်ယက်မှတဆင့် သတင်းရရှိခဲ့သဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသာယာကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ကျွဲမွေးသူတောင်သူများအား ဆက်သွယ်မေးမြန်းမှုအရ မွေးမြူသူ (၁၃)ဦး၏ ကျွဲ (၁၅၆) ကောင်တွင် (၅၂) ကောင်မှာ လွန်ခဲ့သောတစ်လခန့်မှစ၍ သံသယဖြစ်ဖွယ် ကျွဲ၊နွား လည်ချောင်း ကွဲရောဂါဖြင့် သေဆုံးခဲ့သည်ဟု ခန့်မှန်းသိရှိခဲ့သည်။

မွေးမြူကုသရေးဆိုင်ရာ

သန့်ရှင်းမှုဖြင့် ဆဲလ်မိုနဲလားပိုးကို ကာကွယ်ပါ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စျေးတချို့ရှိ ကြက်သား များတွင် ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထိုသို့သောသတင်းများ ကြောင့် ပြည်သူများအကြား ကြက်သားစားသုံးမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်။ သို့သော် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တထစ်ချမဆိုနိုင်ပါ။

စိုက်-မွေးသုတ မွေးမြူကုသရေးဆိုင်ရာ

” ကမ္ဘာမြေပြင်စိမ်းလန်းဖို့ ပျားမွေးမြူကြစို့”

            ကမ္ဘာမြေစိမ်းလန်းသာယာစိုပြေစေဖို့ သီးနှံသစ်ပင်များကို စိုက်ပျိုးကြရမည်မှာ အလွန်အရေးကြီးသော အချက် ဖြစ်ပေသည်။ သီးနှံသစ်ပင်များ ဖွံ့ထွားတိုးတက်လာစေရန်အတွက် အထူးအရေးကြီးသောအချက်မှာ ဝတ်မှုန်ကူး နိုင်ရေးပင်ဖြစ်သည်။ လူသားများနှင့်အခြားအင်းဆက်များဖြင့် ဝတ်မှုန်ကူးပေးနိုင်မှုထက် ပျားများ၏ ဝတ်မှုန်ကူး ဝန်ဆောင်မှုသည် ပိုမိုထိရောက်အောင်မြင်စေပါသည်။ ထို့ကြောင့် “သီးနှံသစ်ပင်ဖွံ့ထွားချင် သိပ္ပံနည်းကျပျားမွေး ရ” ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်သလို လက်ရှိတွင်လည်း ဆောင်ရွက်လျက်ရှိပါသည်။