ဆောင်းပါး လယ်-စီ-စာရင်း

မြေစာရင်းပုံစံ(၁၀၅) ဆိုရာဝယ်

           စာရေးသူအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အကြောင်း အရာများ ကို ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော် ကာလမှစ၍ မင်းဆက် ပေါင်း ၂၄၆ ဆက်ဖြင့် ကိုယ်ထီး ကိုယ်နန်းကိုယ်ကြငှန်းနှင့် နေလာခဲ့ကြသော မြန်မာခေတ်ဦး မှ စ၍ မြန်မာ့မြေယာစီမံခန့်ခွဲမှု နည်းစနစ်များရှိခဲ့ ကြပြီးဖြစ်ပါသည်။ အမိမြန်မာနိုင်ငံကို အင်္ဂလိပ် တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်တွင် ၁၈၈၅ ခုနှစ်များတွင် စစ်ပြုပြီးနောက် ကျွန်ပြုသိမ်းပိုက် ခဲ့ကြ သော အချိန်ကာလတွင် လည်း မြန်မာဘုရင်များ ခေတ်ဆီက မြေယာစီမံခန့်ခွဲမှုစနစ်များကို ဆီလျော်အောင် ပြုပြင်ပြောင်းလဲပြီး ဥပဒေများပြဋ္ဌာန်းချက် ပြင်ဆင်ဖြည့်စွက်၍ စီမံအုပ်ချုပ်ခဲ့ကြ ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်ရေးရရှိပြီးကာလမှ ယနေ့မျက်မှောက်အချိန် အခါအထိ Read More…

ဆောင်းပါး

တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး

လူနှင့်တိရစ္ဆာန်အဖွဲ့အစည်းများတွင် ရောဂါအထူးအဆန်းများသည် မထင်မှတ်နိုင်လောက်သော နှုန်းထားများနှင့် ပေါ်ထွက်လျက်ရှိပါသည်။ ယင်းရောဂါများကြောင့် ပြည်သူလူထုနှင့် တိရစ္ဆာန်လောကတွင် အတော်ကလေးအထိတ်တလန့် ဖြစ်လာခဲ့ကြသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းကြီး (OIE) အနေဖြင့် လတ်တလောပေါ်ပေါက်လာသည့် တိရစ္ဆာန်မှလူသို့ ကူးစက်သော ရောဂါများအပေါ် လောလောလတ်လတ် အရှိန်အဟုန်ဖြင့် အလေးထားလာမှုသည် OIE ၏ ပရဝဏ်ပြင်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်နှင့် ဆက်နွှယ်လျက်ရှိပါသည်။ ကမ္ဘာ့ပြည်သူလူထုအတွက် ကြောက်မက်ဖွယ် အကောင်းဆုံးရန်သူမှာ နျူကလီးယားလည်းမဟုတ်ပါ၊ အကြမ်းဖက်သမားများ အန္တရာယ်လည်းမဟုတ်ပါ၊ သဘာဝမိခင်ကြီးမှ ပေါ်ပေါက်လာသည့် အန္တရာယ်ပင်ဖြစ်ပါသည်။ ၎င်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာခဲ့သည့် ရောဂါသစ် ရောဂါဆန်းများပင်ဖြစ်သည်။ ကူးစက်မြန်သေပျောက်နှုန်းများပြားသော ရောဂါဆန်းများသည် မထင်မှတ်သော နေရာမှ ရုတ်တရက် ပေါ်ပေါက်လာနိုင်ပြီး ယင်းရောဂါကို ချေမှုန်းနိုင်သည့် ကျွမ်းကျင်မှုနည်းပညာ၊ အရင်းအမြစ်များ မပြည့်မစုံဖြစ်နေစဉ် လူသားတစ်ရပ်လုံးကို ဒုက္ခလှလှကြီးပေးနိုင်စွမ်းရှိပါသည်။ လူသာများသည် အသက်ရှူ Read More…

ဆောင်းပါး

“ စက်မှုလယ်ယာကျွမ်းကျင်လုပ်သား ပျိုးထောင်ရေး ”

          ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုသည် လယ်ယာလုပ်သားများ၏ လယ်ယာ လုပ်ငန်း ခွင်များ ရာသီချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ခေတ်ကာလ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လယ်ယာလုပ်သား ရှားပါးမှု ပြဿနာ သည်လည်း လယ်ယာ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့် အခြားစိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည် လျက် ရှိပါသည်။ ယင်းကိစ္စ ရပ်များကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လယ်ယာ လုပ်ငန်း ခွင်များ တွင် ဆောင်ရွက်မှုများသည် စက်မှုလယ်ယာအခြေပြုသည့် ဆောင်ရွက်မှုများ အဖြစ်သို့ ကူးပြောင်းရန် လိုအပ်လာပြီဖြစ်သည်။

ဆောင်းပါး

စိန်ခေါ်ရာသီ နှင့် လိုက်လျောညီသည့် သုတေသန မှ သီးနှံမျိုးများအကြောင်း

ယခုအခါသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှုအရ ဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းများ ကျရောက်ခြင်း၊ အပူချိန် မြင့်တက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် တိုးလာခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မိုးခေါင်ရေရှားမှု ဖြစ်ပေါ် ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းရန်အတွက် နည်းလမ်းများနှင့် လိုအပ်သည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အထူးလိုအပ်လာသောအချိန် ဖြစ်ပါသည်။

ဆောင်းပါး

စိုက်ပျိုးသီးနှံအခြေခံ စားကုန်ဖွံ့ဖြိုးစီးပွားတိုး

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စားနပ်ရိက္ခာ အရင်းမြစ်တို့မှာ ပေါကြွယ်ဝလွန်းလှပြီး  ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့မှာ တစ်နှစ်ပတ်လုံး သူ့အချိန်အခါအလိုက် ထွက်ရှိနေပါသည်။ စိုက်ပျိုးရေး လုပ်ငန်းများက ထွက်ရှိသလိုပင် သဘာဝအလျောက် ပေါက်ရောက်ကြသော သီးပင် စားပင်တို့မှလည်း စားနပ်ရိက္ခာတို့ကို ရရှိကြပါသေးသည်။ ပြည်တွင်းစားသုံးဘို့ လုံလောက်ရုံမျှ မက ပိုလျှံစွာ ထွက်ရှိနေသော အသီးအရွက်များစွာတို့ကို မူလအတိုင်း မပျက်စီး စေပဲ ကာလ ကြာမြင့်စွာ သိုလှောင်ထားရန်မှာ စရိတ်လွန်စွာ ကြီးမြင့်လွန်းလှပေသည်။ အများအားဖြင့် ဒေသ အလိုက် ရိုးရာ ဓလေ့နည်းလမ်းများဖြင့် အခြောက်လှမ်းခြင်း ဆားရည်စိမ်ခြင်းနှင့် အချဉ်တည်ခြင်း စသည့် နည်းလမ်း များဖြင့် ရေရှည် အထားခံအောင် စီမံပြုလုပ်ပြီး သိုလှောင် သိမ်းဆည်းလေ့ ရှိကြပါသည်။

ဆောင်းပါး

တည်ဆဲလယ်ယာမြေဥပဒေပါ အခွင့်အရေးများရယူခံစားနိုင်ရေး

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ၂၀၁၁ ခုနှစ်က ပါတီစုံဒီမိုကရေစီစနစ် ပြန်လည် စတင်ကျင့်သုံးခဲ့ပြီး တစ်နိုင်ငံလုံးလူဦးရေ၏ (၇၀)ရာခိုင်နှုန်းတည်ရှိနေသော ကျေးလက်နေ တောင်သူ လယ်သမားများဘဝ တိုးတက်မြင့်မားစေရေးအတွက် ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေဥပဒေအား ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၁)ဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ(၃၀) ရက်တွင် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ ဤဥပဒေဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေနှင့် ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်သည့်ဥပဒေများ ရုပ်သိမ်းခဲ့ပါသည်။