ဆောင်းပါး

ကိုလိုနီခေတ်ဦး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု

မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်သုံးကြိမ်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။ ပထမစစ်ပွဲအပြီး ၁၈၂၅ ခုနှစ်တွင် ရခိုင်နှင့် တနင်္သာရီဒေသတို့ကိုလည်းကောင်း၊ ဒုတိယစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုလည်းကောင်း သိမ်းယူခဲ့သည်။ တတိယ စစ်ပွဲအပြီးတွင်မူ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်မှ ဗြိတိသျှ တို့၏ ကိုလိုနီနယ်မြေအဖြစ်သို့ ရောက်ရှိကာ ဗြိတိသျှအင်ပါယာအတွင်းရှိ အိန္ဒိယနိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရတော့သည်။

ဆောင်းပါး

ကိုဗစ်-၁၉ အလွန်ကာလတွင် တိုးတက်လုပ်ကိုင်ရမည့် အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းများ

တိရစ္ဆာန်များမှတစ်ဆင့် လူများသို့ ကူးစက်တတ်သော ဗိုင်းရပ်စ်များကြောင့် များစွာ ဒုက္ခရောက်ရနိုင်ကြောင်းကို ဆားစ်ရောဂါ၊ အီဘိုလာရောဂါတို့က ကမ္ဘာကြီးကို ကြိုတင်သတိပေး ခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်များ၏ အန္တရာယ်နှင့် ပတ်သက်၍ ပညာရှင်များက အကြိမ်ကြိမ် သတိပေးခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျင်းပသော ညီလာခံတစ်ခုတွင် ကူးစက်မြန်ဗိုင်းရပ်စ် များ၏အန္တရာယ်ကို အလေးအနက်ထား ထောက်ပြခဲ့ပါ သည်။ သို့သော် ကမ္ဘာ့နိုင်ငံအစိုးရများသည် ကိုဗစ်- ၁၉ ရောဂါနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ တွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြရကာ အလျင်အမြန် ထိထိရောက်‌ရောက် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပါ။ ဗိုင်းရပ်စ်များ၏ အန္တရာယ်ကို ကြိုတင်သိရှိထားသော်လည်း ကြိုတင် ကာကွယ်မှုမရှိသဖြင့် များစွာဒုက္ခရောက်ရခြင်း ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများသည် ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ၉ ဘီလီယံ Read More…

ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၂)

အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ပညာရေးဝန်ကြီးဌာန ပါမောက္ခချုပ် များ ကော်မတီ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ (Development Partners)၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI) တို့နှင့်အတူ မြန်မာနိုင်ငံတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက် သော ဘွဲ့ရများ အလုပ်အကိုင်ရရှိရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ်နေသော ဘာသာရပ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အမှန်တကယ် လိုအပ်နေသော ပညာရပ်များကို တက္ကသိုလ်များမှ မွေးထုတ်ပေး ရေးဆိုင်ရာလိုအပ်ချက် မူဝါဒဆိုင်ရာ သုတေသနများ ပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာသင်ကြားပေးလျက်ရှိသော တက္ကသိုလ်၊ ကောလိပ်များမှ ဘာသာရပ်အလိုက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဘွဲ့ရမွေးထုတ် ပေးနေမှုကို နမူနာအဖြစ် ဇယား(၁) တွင် ဖော်ပြထားပါသည်။ နှစ်အလိုက်ဘွဲ့ရ ဦးရေကို ဗဟိုစာရင်းအင်းအဖွဲ့ နှစ်ပတ်လည်စာအုပ် (CSO – Statistical Read More…

ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သဘာဝရေ သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အလျောက် ရေသယံဇာတသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သကဲ့သို့ စိန်ခေါ်မှု များစွာကိုလည်း ဖြစ်ပေါ်စေပါသည်။ ထိုရေသယံဇာတ များကို ထိရောက်ပြီး စည်းစနစ်ကျစွာ စီမံခန့်ခွဲနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိပါသည်။ ရေသည် စိုက်ပျိုးရေးအတွက်သာမက သက်ရှိ အားလုံးအတွက် အခြေခံလိုအပ်ချက် (Essential Requirement) ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးတွင် သာမက ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သယ်ယူ ပို့ဆောင်ရေးအားလုံးအတွက် ဘက်ပေါင်းစုံမှ လိုအပ် လျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ရေလေ့လာမှုဌာနအသစ် ဖွင့်လှစ်ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ ဘွဲ့ကြို သင်တန်း သိပ္ပံဘွဲ့(ရေလေ့လာရေးပညာ) B.Sc. (Water Studies) ကို ဖွင့်လှစ်ရန် ပြင်ဆင်နေပါပြီ။ သင်ကြားရေး အစီအစဉ်များအဖြစ် ရေပညာရပ်ဆိုင်ရာဘွဲ့ကြိုသင်တန်း (B.Sc Read More…

ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၄)

အစားအသောက် သိပ္ပံနှင့်နည်းပညာသည် လူသား အားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နေ့စဉ် လိုအပ်လျက် ရှိသော ဘာသာရပ်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ယနေ့စားသောက်ဆိုင် များ၊ ကုန်တိုက်ကြီးများတွင် ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝရေးအတွက် ဝယ်ယူနေရသော နွားနို့ (Milk)၊ သစ်သီးဖျော်ရည်(Fruit Juices)၊ နို့မှုန့် (Milk Powder)၊ ဒိန်ခဲ (Cheese)၊ ထောပတ် (Butter) စသည်တို့မှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပင် ဈေးနှုန်းကြီးမားလျက် ရှိပါသည်။ ထိုသို့ဖြစ်ရသည်မှာ အဓိကစားသောက်ကုန် ထုတ်လုပ်ရာတွင်မဟုတ်ဘဲ ကျန်းမာရေးနှင့်ညီသော စနစ်တကျ ထုပ်ပိုးမှုနည်းပညာ (Packaging Technology) မကျွမ်းကျင်ခြင်းနှင့် နည်းပညာရှိသော် လည်း ထုတ်လုပ်မှုစရိတ် ကြီးမားလွန်းနေခြင်းတို့ကို တွေ့ရှိရပါသည်။ နွားနို့တစ်လီတာဖိုးထက်မက ကုန်ကျ ဥပမာ ကလေးများ၊ ကျောင်းသား ကျောင်းသူများ အင်အားရှိစေရန်နှင့် ပရိုတင်းဓာတ် Read More…

ဆောင်းပါး

ကိုဗစ်အလွန် အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (အမှတ်စဉ်-၆)

တက္ကသိုလ်များတွင် ယနေ့နှင့် နောင်အနာဂတ်ကာလ များတွင် လိုအပ်လျက်ရှိသော ဘာသာရပ်မှာ ဥပဒေပညာ (Law) ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ပဋိညာဉ် စာတမ်း (Charter) ရေးဆွဲပြီး နောင်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရလာပါက ဥပဒေပညာမဟာဌာန (The Faculty of Law) တည်ထောင်ပါမည်။ ယခုမြန်မာနိုင်ငံတွင် ဥပဒေ ပညာဘွဲ့ပေးနေသော တက္ကသိုလ်ပေါင်းမှာ ရန်ကုန် တက္ကသိုလ်အပါအဝင် ၁၉ ခု ရှိပါသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၈ ခုနှစ် အချက်အလက်များအရ နိုင်ငံတကာတွင် ဥပဒေဘွဲ့ပေးမှုနှင့် နှိုင်းယှဉ်ပါက မြန်မာ နိုင်ငံ၌ ဘွဲ့ရကျောင်းသား ၁၀၀ လျှင် စီးပွားရေးပညာ၊ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဥပဒေဘွဲ့ရကျောင်းသား ကျောင်းသူ ပေါင်း ၁၁ ဒသမ ၈ ဦး ရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်၌ Read More…