ဆောင်းပါး

စီးဆင်းနေသော သမဝါယမ မြစ်တစ်စင်း

အတန်ငယ်ငြိမ်သက်နေသော သမဝါယမသည်ကား COVID ကာလအတွင်းမှာ လှုပ်ခတ် လာခဲ့ချေပြီ။ အားလုံးသိကြသည့်အတိုင်းပင် COVID-19 ကြောင့်  မြန်မာပြည်၏စိုက်ကုန် တော်တော် များများ တရုတ်ပြည်သို့ တင်ပို့၍ မရတော့။ ထွက်ရှိလာသော ထွက်ကုန်များကလည်း ဘယ်လို လုပ်ရမည်မသိ။ သည်အတိုင်း ကြည့်နေရုံကတော့ ဘာမှဖြစ်လာမည်မဟုတ်။ ပစ္စည်းများကလည်း ရေရှည် အထား ခံသည်လည်း ရှိသည်။ အထား မခံတာကလည်း ရှိသည်။ ပစ္စည်းများ ရောင်းမထွက်တော့ အချိန်ကုန် ငွေပုပ်ချေပြီ။ သည်အတိုင်းတာဆို နောင်နှစ် ဘယ်လိုပြန်ရင်းရပါ့ဟု တောင်သူများ သောကများနေကြရပြီ။ မိမိတို့ သွေးချွေးတို့ဖြင့် ရင်းနှီးထားရသော ထွက်ကုန်များ အဟောသိက ဖြစ်တာကိုလည်း အဖြစ်မခံနိုင်။ ရှုံးသည် မြတ်သည် အသာထား။ စားသုံးသူလက်ထဲ အကျိုးရှိစွာ ရောက်ရှိသွားမည်ဆိုလျှင် တောင်သူဦးကြီးများ စိတ်ချမ်းမြေ့ကြရမှာ အမှန်။ Read More…

ဆောင်းပါး

“ကြေးတိုင်နှင့်မြေစာရင်း”

ကြေးတိုင်ဆိုသည်မှာ မြန်မာစကားလုံးစစ်စစ်ဖြစ်ပြီး ဝေါဟာရ၏အဓိပ္ပာယ်မှာ ကြေး သည် ငွေကြေးကိုကိုယ်စားပြု၍ တိုင်သည် ခိုင်မာခြင်းကို ကိုယ်စားပြုပါသည်။ အင်္ဂလိပ် ဘာသာဖြင့် Settlement ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ ကြေးတိုင်လုပ်ငန်းသည် နိုင်ငံတော်၏ မြေခွန်တော် နှုန်းထား သတ်မှတ်ရန်အတွက် အဓိကအခြေခံကျဆုံးသော လုပ်ငန်းဖြစ်ပါသည်။ ကြေးတိုင် လုပ်ငန်းသည် မြေခွန် တော်သတ်မှတ်ခြင်း(Fixation of Land Revenue Rates) ကို ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်။ ယင်းဝေါဟာရသည်  မြန်မာဘုရင်များ လက်ထက်ကပင် သုံးစွဲခဲ့ပြီး ဗြိတိသျှကိုလိုနီတို့က မြန်မာတို့သုံးစွဲ ခဲ့သည့် ကြေးတိုင်ဟူသောဝေါဟာရကိုပင် ဆက်လက် သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။

ဆောင်းပါး

တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး

လူနှင့်တိရစ္ဆာန်အဖွဲ့အစည်းများတွင် ရောဂါအထူးအဆန်းများသည် မထင်မှတ်နိုင်လောက်သော နှုန်းထားများနှင့် ပေါ်ထွက်လျက်ရှိပါသည်။ ယင်းရောဂါများကြောင့် ပြည်သူလူထုနှင့် တိရစ္ဆာန်လောကတွင် အတော်ကလေး အထိတ်တလန့် ဖြစ်လာခဲ့ကြသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းကြီး (OIE) အနေဖြင့် လတ်တလော ပေါ်ပေါက်လာသည့် တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါများအပေါ် လောလောလတ်လတ် အရှိန်အဟုန်ဖြင့် အလေးထားလာမှုသည် OIE ၏ ပရိဝုဏ်ပြင်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ် နှင့် ဆက်နွှယ်လျက်ရှိပါသည်။ ကမ္ဘာ့ပြည်သူလူထုအတွက် ကြောက်မက်ဖွယ် အကောင်းဆုံးရန်သူမှာ နျူကလီးယားလည်း မဟုတ်ပါ၊ အကြမ်းဖက်သမားများ အန္တရာယ်လည်း မဟုတ်ပါ၊ သဘာဝမိခင်ကြီးမှ ပေါ်ပေါက်လာသည့် အန္တရာယ်ပင် ဖြစ်ပါသည်။ ယင်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာခဲ့သည့် ရောဂါသစ် ရောဂါဆန်းများပင် ဖြစ်သည်။ ကူးစက်မြန် သေပျောက်နှုန်း များပြားသော ရောဂါဆန်းများသည် မထင်မှတ်သောနေရာမှ ရုတ်တရက်ပေါ်ပေါက်လာနိုင်ပြီး ယင်းရောဂါကို ချေမှုန်းနိုင်သည့် ကျွမ်းကျင်မှုနည်းပညာ၊ Read More…

ဆောင်းပါး

သီးနှံများရေရှည်အထွက်တိုးတက်ရေး မြေသြဇာအချိုးညီသုံးစွဲပေး

          မျက်မှောက်ကာလတွင် နိုင်ငံအလိုက် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ ထုတ်ကုန်များ ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းအမြင့်ဆုံး ရရှိရေးကိုဦးတည်၍  မြေသြဇာ အမျိုးမျိုး ကို တိုးတက်သုံးစွဲလာမှုကို တွေ့ရှိနေရပါတယ်။  ယခုလို သီးနှံအထွက်တိုးရေးသာ စဉ်းစားပြီး အတိုင်း အဆမရှိ မြေသြဇာများကို သုံးစွဲမည်ဆိုပါက ရေရှည်တွင် မြေဆီလွှာ၏ အရည် အသွေး များ ကျဆင်းလာကာ သီးနှံထုတ်လုပ်နိုင်စွမ်း လျော့နည်းမှုများနှင့်အတူ ပတ်ဝန်းကျင် ညစ်ညမ်းမှုပါ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ပါ၍ ရေရှည်စိုက်ပျိုးထုတ်လုပ် နိုင်ရန်အတွက် ပတ်ဝန်းကျင် ဆိုးကျိုး သက်ရောက်မှုများ မဖြစ်ပေါ်စေရေးကို ဂရုပြု ဆောင်ရွက် ရမှာ ဖြစ်သလို သီးနှံပင်ကလိုအပ်သော အဟာရဓါတ်များကို မြေဆီလွှာက မျှတစွာ ရရှိရန် အတွက် မြေဩဇာများကို အချိုးညီသုံးစွဲရေး သည် လွန်စွာအရေးကြီးလျက် ရှိပါတယ်။

ဆောင်းပါး

တောင်သူလယ်သမားများအတွက် ကိုဗစ်ကပ်ရောဂါ စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကျန်းမာကြပါစေကြောင်းနှင့် ကပ်ရောဂါဘေးမှ ကင်းဝေးကြ ပါစေ။ ကူးစက်မှုတွေ နည်းပါစေ၊ ထိန်းချုပ်နိုင်ပါစေကြောင်း နဲ့ လယ်ယာလုပ်ငန်းခွင်မှ တောင်သူ လယ်သမား အပေါင်း ကျန်းမာချမ်းသာကြပါစေရန် ရှေးဦးစွာ မေတ္တာပို့သဆုတောင်းအပ်ပါသည်။ ကျနော်တို့ ငယ်ငယ်က ကူးစက် ရောဂါ ကာကွယ် ဆေးတွေ ဖြစ်တဲ့ ပလိပ်ရောဂါ၊ ကျောက် ရောဂါ၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ အဆုတ်ရောဂါတွေထိုးခဲ့လို့ လက်မောင်းက အမာရွတ်လေးတွေဟာ ဘဝတစ်သက်တာ အမှတ်တရ အမှတ် အသားတွေပါပဲ။ မိဘဘိုးဘွားများ ပလိပ်ကပ်ရောဂါဘေးတုန်းက ကြုံတွေ့ရတဲ့ဒုက္ခတွေ၊ သေကြတာတွေ ပြောပြတာ ပြန်လည်ကြားယောင်မိပါတယ်။

ဆောင်းပါး

စီးပွားဖြစ်ကြက်မွေးမြူ ထုတ်လုပ်မှုကို သုံးသပ်ခြင်း

မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံးမှာ ကြက်သားဖြစ်ပြီး အဆီဓာတ် နည်းပါးခြင်း၊ အစာကြေလွယ်ခြင်း၊ အရသာကောင်းမွန်ခြင်း၊ အာဟာရပြည့်ဝခြင်းတို့ကြောင့် နာလန်ထစလူမမာများအတွက် ကြက်စွပ်ပြုတ်၊ ကြက်ပေါင်း စသည်ဖြင့် အထူးပြင်ဆင် ချက်ပြုတ်ထားသော ဟင်းလျာများကို စီမံကျွေးမွေးလေ့ရှိပါသည်။ ကြက်သားဟင်းမှာ အလှူအတန်းများတွင် မပါမဖြစ်သော ဟင်းလျာ တစ်မျိုး လည်းဖြစ်ပြီး ကြက်ဥမှာ မြန်မာ လူမျိုးများ နေ့စဉ်စားသုံးသည့် အာဟာရပြည့်ဝ၍ စီးပွားရေးအရ တွက်ခြေ ကိုက်သော အသားဓာတ် တစ်မျိုး လည်း ဖြစ်ပါသည်။ ဗမာကြက်ဟု အများခေါ်ဝေါ်သည့် တိုင်းရင်း ကြက်ကို မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မွေးမြူကြပြီး အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို များစွာအထောက်အကူပြုသော မွေးမြူရေး တိရစ္ဆာန်အဖြစ် တည်ရှိနေပါသည်။ စစ် တကောင်း၊ အင်ပင်ဝ၊ လည်ပြောင် စသည့် တိုင်းရင်း ကြက်မျိုးများကို Read More…