ဆောင်းပါး

ဆည်ရေသောက်စနစ် မြှင့်တင်ပြုပြင်ခြင်းဖြင့် သီးနှံများ ဖွံ့ဖြိုး စေမည်

နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ် တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက်တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာခဲ့သည်။ ချောင်း၏ ရေစီးလမ်း ကြောင်းသည်လည်း ကျဉ်းမြောင်းလာပြီး ချောင်းပေါင်မှ ရေလျှံကာ ချောင်းရိုး တစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။

ဆောင်းပါး

ယနေ့တောင်သူများ ကြုံတွေ့နေရသည့် မွှားပင့်ကူပြဿနာ

မွှားပင့်ကူဆိုသည်မှာ မွှားပင့်ကူများသည် စိုက်ပျိုးသီးနှံပင်များတွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသော အလွန်သေးငယ်သည့်အကောင်များ ဖြစ်သည်။ ခြေထောက် လေးစုံပါသော မွှားကောင်များသည် ပင့်ကူများကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်မှ ပင့်ကူမျှင်ကဲ့သို့ ပိုးချည်မျှင်များ ထုတ်လုပ်သည့်အတွက် ၎င်းတို့ကို မွှားပင့်ကူဟု ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးပေါင်းစု(Phylum)အားဖြင့် Arthropoda၊ မျိုးပေါင်း (Class)အားဖြင့် Arachnida တွင် ပါဝင်ပြီး Acarine အုပ်စုဝင် ဖြစ်သည်။ အဏုကြည့်မှန်ပြောင်းဖြင့်သာ ထင်ရှားစွာမြင်ရပြီး အရွယ်အစားအားဖြင့် မျိုးစိတ်အပေါ်မူတည်၍ ၀ ဒသမ ၂ မီလီမီတာမှ ၀ ဒသမ ၅ မီလီမီတာအကြား ရှိတတ်သည်။ မွှားပင့်ကူ အမများ၏ ခန္ဓာကိုယ်သည် ဘဲဥပုံသဏ္ဌာန် လုံးဝန်းပြီး အထီး များသည် ခန္ဓာကိုယ် ရှည်မျောမျောရှိ၍ အဖျားပိုင်းချွန်သည်(ပုံ-၁)။ အမများ၏ အရွယ်အစားသည် Read More…

ဆောင်းပါး

တောင်သူများ ဂရုပြုကြရတော့မည့် နှမ်းဖိုရောဂါ

တောင်သူများ ဂရုပြုကြရတော့မည့် နှမ်းဖိုရောဂါ ===================================== ဒေါက်တာ နန်းကြူ နှမ်းပင် ပန်းပွင့်ချိန်တွင် ပန်းပွင့်များသည် မူမမှန်ဘဲ အရွက်ပုံစံအဖြစ် ပြောင်းလဲပြီး အပွင့်မအောင်၊ အသီးမရတော့ဘဲ နှမ်းပင်ဖိုသွားသဖြင့် နှမ်းဖို ရောဂါဟု ခေါ်ဝေါ်ကြသည်။ ဤရောဂါသည် အပင်ရောဂါဖြစ်စေသည့် အဏုဇီဝ သက်ရှိ ဖိုင်တိုပလာစမာ (Phytoplasma)ကြောင့် ဖြစ်သည်။ ဤရောဂါကြောင့် နှမ်းသီးတောင့်ဖြစ်ပေါ်မှုကို လျော့စေသောကြောင့် နှမ်းစေ့အထွက်နှုန်းကို ကျဆင်းစေသည်။ အထွက်နှုန်းဆုံးရှုံးမှုသည် မမြင်သာ၍ နှမ်းဖိုအပင်များကို တွေ့သော်လည်း လျစ်လျူရှုခဲ့ကြသည်။ သို့သော် ဤရောဂါသည် ဖြုတ်ပိုးမှ တစ်ဆင့် ကူးစက်နိုင်ခြင်းကြောင့် နှမ်းမှ နှမ်း သို့မဟုတ် နှမ်းမှ အခြားသီးနှံ များသို့ ကူးစက်ပျံ့နှံ့နိုင်သည်။

ဆောင်းပါး

“ရွက်နုစိမ်းစို  သစ်ပင်အို”

                         ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ပထမပါတ်၊ စနေနေ့(၄-၇-၂၀၂၀)တွင် ကျရောက်သည့် I.C.A (အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့)ကို နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။                      ဪ… ဘာလိုလိုနှင့် သမဝါယမသစ်ပင်ကြီးအောက်မှာ မခင်မွှေး ခိုနားခွင့် ရခဲ့တာဖြင့် (၃၄)နှစ်တိုင်ခဲ့ ပေပြီ။ နောက်လည်း မျိုးဆက်သစ်များ ခိုနားရန် သည်အပင်ကြီး အောက်က မခင်မွှေးခွဲခွာရပေဦးတော့မည်။ သည်အပင် ကြီးကဖြင့် မအိုသောသစ်ပင်ကြီးပါ။ သစ်ပင်ကြီး သက်တမ်းကဖြင့် (၁၁၅)နှစ် ကျော်ခဲ့လေပြီ။

ဆောင်းပါး

ကိုလိုနီခေတ်ဦး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု

မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်သုံးကြိမ်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။ ပထမစစ်ပွဲအပြီး ၁၈၂၅ ခုနှစ်တွင် ရခိုင်နှင့် တနင်္သာရီဒေသတို့ကိုလည်းကောင်း၊ ဒုတိယစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုလည်းကောင်း သိမ်းယူခဲ့သည်။ တတိယ စစ်ပွဲအပြီးတွင်မူ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်မှ ဗြိတိသျှ တို့၏ ကိုလိုနီနယ်မြေအဖြစ်သို့ ရောက်ရှိကာ ဗြိတိသျှအင်ပါယာအတွင်းရှိ အိန္ဒိယနိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရတော့သည်။

ဆောင်းပါး

ကိုဗစ်-၁၉ အလွန်ကာလတွင် တိုးတက်လုပ်ကိုင်ရမည့် အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းများ

တိရစ္ဆာန်များမှတစ်ဆင့် လူများသို့ ကူးစက်တတ်သော ဗိုင်းရပ်စ်များကြောင့် များစွာ ဒုက္ခရောက်ရနိုင်ကြောင်းကို ဆားစ်ရောဂါ၊ အီဘိုလာရောဂါတို့က ကမ္ဘာကြီးကို ကြိုတင်သတိပေး ခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်များ၏ အန္တရာယ်နှင့် ပတ်သက်၍ ပညာရှင်များက အကြိမ်ကြိမ် သတိပေးခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျင်းပသော ညီလာခံတစ်ခုတွင် ကူးစက်မြန်ဗိုင်းရပ်စ် များ၏အန္တရာယ်ကို အလေးအနက်ထား ထောက်ပြခဲ့ပါ သည်။ သို့သော် ကမ္ဘာ့နိုင်ငံအစိုးရများသည် ကိုဗစ်- ၁၉ ရောဂါနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ တွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြရကာ အလျင်အမြန် ထိထိရောက်‌ရောက် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပါ။ ဗိုင်းရပ်စ်များ၏ အန္တရာယ်ကို ကြိုတင်သိရှိထားသော်လည်း ကြိုတင် ကာကွယ်မှုမရှိသဖြင့် များစွာဒုက္ခရောက်ရခြင်း ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများသည် ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ၉ ဘီလီယံ Read More…