ကြော်ငြာနှင့်နှိုးဆော်ချက်များ ဆည်-ရေကဏ္ဍ သတင်းကဏ္ဍ

ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေဘေး ကာကွယ်ရေး တာများ ၏ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့ တွင် ရောက်ရှိနေသော ရေမှတ်များ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က တည်ဆောက်ထိန်းသိမ်းထားသည့် ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေဘေးကာကွယ်ရေးတာများ ၏ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရောက်ရှိနေသော ရေမှတ်များကို ဖော်ပြအပ်ပါသည်။

ဆည်-ရေကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးရေပေးဝေခြင်းမတိုင်မီ ရေအသုံးချသူများအဖွဲ့(WUG) များ အားလုံးကို အချိန်မီပြီးစီးအောင် ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းညှိနှိုင်းဆောင်ရွက်

                      ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်း၊ အင်ဂျင်နီယာချုပ် (စက်မှု) ဦးထွန်းကျော်စိုးနှင့် တာဝန် ရှိသူများသည် ဇွန်လ ၂၇ မှ ၂၉ ရက်နေ့ထိ သဖန်းဆိပ် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာသီ မတိုင်မီ လက်တံမြောင်းအလိုက် ဆည် ရေသောက် ဧရိယာတစ်ခုလုံး၏ ရေအသုံးချသူများအဖွဲ့ (WUG) များ အားလုံးကို အချိန်မီ ပြီးစီးအောင် ဖွဲ့စည်းနိုင်ရေး အတွက် ဆည်ရေသောက်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ဆည်-ရေကဏ္ဍ နယ်သတင်းများ

ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်များ ရေတင်ဧရိယာအတွင်း စိုက်ပျိုးရေအသုံးချမှု စနစ်တကျဖြစ်စေရေး ရေအသုံးချသူများအဖွဲ့နှင့် ရေသုံးစွဲသူများ အသင်း ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်ငါးခုမှ မြစ်ရေတင် ဧရိယာအတွင်း စိုက်ပျိုးရေအသုံးချလျက်ရှိသော တောင်သူများအတွက် ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းခြင်းကို ညောင်ဦးမြို့နယ် လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင် ရှင်လင်းဆောင်တွင် ဇွန် လ ၂၆.ရက် နေ့ နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်တို့က အဖွင့်အမှာစကားပြောကြားကာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ ဦးဝင်းဆန်း(ညွှန်ကြားရေးမှူး)က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM) အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ယခုလို ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းရခြင်းမှာ လယ်ကြားရေသွင်းမြောင်းတစ်ခုမှ မြစ်ရေတင် ရေသောက်တောင်သူအချင်းချင်း အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ Read More…

ဆည်-ရေကဏ္ဍ

၂၀၂၀ပြည့်နှစ် ဇွန်လ ၂၃ ရက် ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေ

ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေအားတင်ပြခြင်း။ ============================================= ၂၀၂၀ပြည့်နှစ် ဇွန်လ ၂၃ ရက် ======================= ကယားပြည်နယ် ဒီမောဆိုမြို့နယ် ‌ငွေတောင်ဆည် တွင် ၇၆ ဧကပေ ရေဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ် ဖလမ်းမြို့ လိုင်ဗားရေလှောင်တမံ တွင် ၆၁ ဧကပေ ရေဝင်ရောက်ပြီး ရေပိုလွှဲမှ (၀.၄)ပေ ရေကျော်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ကျွန်းလှမြို့ ရှိ သဖန်းဆိပ်ရေလှောင်တမံ တွင် ဝင်ရေ ၆၄၃၄ ဧကပေ ၊ ပုလဲမြို့ မြောက်ယမားရေကူရေလှောင်တမံ ၌ ဝင်ရေ ၄၀ ဧကပေ ၊ ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ ၌ ဝင်ရေ ၈၃၈ ဧကပေ အသီးသီးရှိကြသည်။

ဆည်-ရေကဏ္ဍ

၂၀၂၀ပြည့်နှစ် ဇွန်လ ၁၉ ရက်နေ့အထိ ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေအားတင်ပြခြင်း။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့၊ ရေဘုတ်ရေလှောင်တမံ တွင် မိုးရေချိန် ၂.၆၄လက်မ ဝင်ရေ ၄၈၀ ဧကပေ ၊ ချင်းပြည်နယ် ဖလမ်းမြို့ ရှိ လိုင်ဗားရေလှောင်တမံ မိုးရေချိန် ၀.၁၅ လက်မ ဝင်ရေ ၅၂ ဧကပေ ရှိပြီး ရေပိုလွှဲမှ ၀.၃ ပေ ရေကျော်ကျလျက်ရှိနေပါသည်။

ဆည်-ရေကဏ္ဍ ဆောင်းပါး

ရေအသုံးချသူများနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဆီသို့

ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအရ Stay Home ကာလတွင် နွေရာသီနှင့်အတူ သိသိသာသာ မြင့်မားသော အပူချိန်ကို အန်တုဖြတ်သန်းနေထိုင်ရင်း အတန်ငယ် ငြီးငွေ့မှုဖြစ်ပေါ်လာခဲ့ရာ မေလနှောင်းပိုင်းတွင် အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မိုးရိပ်လေရိပ် သန်းလာပြီး အပူချိန်လည်း တစ်စတစ်စလျော့ကျ လာသည့်တစ်နေ့တွင် မိမိနေထိုင်ရာ လယ်ဝေးမြို့နယ် အတွင်းရှိ စစ်တောင်းမြစ်တစ်ဖက်ကမ်း ပင်သောင် ကျေးရွာတွင် နေထိုင်သော မိတ်ဆွေတစ်ဦးထံ အကြောင်း ကိစ္စတစ်ခုဖြင့် သွားရောက်ခဲ့သည်။